The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

၂၃၀ ကေဗွီ နေပြည်တော်-၁ ပင်မဓာတ်အားခွဲရုံ၊ ၂၃၀/၃၃/၁၁ ကေဗွီ၊ ၁၀၀ အမ်ဗွီအေထရန်စဖော်မာ ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ဓာတ်အားပိတ်မည့် အစီအစဉ်နှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးပန်ကြားချက်

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၅) ရက်

၁။    လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်ဓာတ်အားစနစ်အတွင်း ဝန်အားမျှတ တည်ငြိမ်စွာဖြင့် စဉ်ဆက်မပြတ်ဓာတ်အားပို့လွှတ်ဖြန့်ဖြူးနိုင်ရန်အတွက် ပင်မဓာတ်အားခွဲရုံများရှိ ထရန်စဖော်မာများနှင့် ဓာတ်အားခလုတ်ဝင်း(Switchbay)များ၊ ပို့လွှတ်ရေးနှင့် ဖြန့်ဖြူးရေးဓာတ်အားလိုင်း များကို အခါအားလျော်စွာ ထိန်းသိမ်းပြုပြင်ခြင်းနှင့် လိုအပ်ပါက အသစ်တိုးချဲ့တည်ဆောက်ခြင်း စသည့် လုပ်ငန်းများကို အားသွန်ခွန်စိုက် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

၂။    ယခုအခါ ၂၃၀ ကေဗွီ နေပြည်တော်-၁ ပင်မဓာတ်အားခွဲရုံရှိ ၂၃၀/၃၃/၁၁ ကေဗွီ၊ ၁၀၀ အမ်ဗွီအေ ထရန်စဖော်မာ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၅) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီမှ (၁၁:၀၀) နာရီအထိ အချိန်(၂) နာရီကြာခန့် ဓာတ်အားပိတ်၍ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၃။   ထိုကဲ့သို့ ဓာတ်အားပိတ်လုပ်ငန်းဆောင်ရွက်စဉ်အတွင်း နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ဝန်ထမ်းအိမ်ရာများ၊ သုခတော်ဝင်အိမ်ရာ၊ နေပြည်တော်အုတ်စက်၊ ရွှေနံ့သာရပ်ကွက်၊ မင်းကုန်းကွက်သစ်ရပ်ကွက်နှင့် တောင်ညိုတို့ရှိ ကျေးရွာများ အချိန်(၂)နာရီကြာ ယာယီဓာတ်အားပြတ်တောက်နေမည်ဖြစ်ပြီး၊ ဓာတ်အားပြတ်ဧရိယာများရှိ စက်ရုံ/အလုပ်ရုံများ ဓာတ်အားသုံးစွဲသူ မိဘပြည်သူများအား သက်ဆိုင်ရာမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးများမှတစ်ဆင့် ကြိုတင်အသိပေးထားပြီးဖြစ်ပါကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သတင်းရရှိပါသည်။

 

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

05-Jul-2026