ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရေးနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ဓာတ်အားလိုင်းများတစ်လျှောက် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ၊ ခြုံနွယ်များခုတ်ထွင်ရှင်းလင်းခြင်းနှင့် ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရန် ၂၃၀ ကေဗွီ နေပြည်တော်(၁) ပင်မ ဓာတ်အားခွဲရုံမှ ဓာတ်အားဖြန့်ဖြူးပေးထားသော ၃၃ ကေဗွီ တောင်ညို ဓာတ်အားလိုင်းကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့ နံနက် ၈ နာရီမှ ညနေ ၃ နာရီအထိ ဓာတ်အားပိတ် ဆောင်ရွက်သွားမည်ဖြစ်ရာ ရွှေနံသာရပ်ကွက်နှင့် ကျေးရွာ (၅၁) ရွာတို့ တွင် ဓာတ်အား ယာယီပြတ်တောက်နေမည်ဖြစ်ကြောင်း ဓာတ်အားပြတ်ဧရိယာများရှိ ရုံးဌာနများနှင့် အများပြည်သူများကို ကြိုတင်အသိပေးထားပြီးဖြစ်ပါကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သတင်း ရရှိပါသည်။