The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအောက်ရှိ ၂၃၀ ကေဗွီ ကွန်း-သာယာကုန်း ဓာတ်အားလိုင်း ဓာတ်အားပိတ်လုပ်ငန်း ဆောင်ရွက်မည့်အစီအစဉ်နှင့်စပ်လျဉ်း၍ ပြည်သူသို့အသိပေးပန်ကြားချက်

၁။   ၂၃၀ ကေဗွီ ကွန်း-သာယာကုန်း ဓာတ်အားလိုင်းသည် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့အတွင်းရှိ ခရိုင်၊ မြို့ ဧရိယာများတွင် စဉ်ဆက် မပြတ်ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေးအတွက် အရေးပါသည့် ဓာတ်အားလိုင်းဖြစ်ပြီး၊ ကျောက်တံခါးမြို့နယ်၊ သာယာကုန်းခွဲရုံအနီး တာဝါတိုင်အမှတ် (၁၂၉ မှ ၁၃၆) အကြားတွင် ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ 

၂။   အဆိုပါလုပ်ငန်းများ ဆောင်ရွက်ပြီးပါက မလိုလားအပ်သည့် ဓာတ်အားပြတ်တောက် မှုများလျော့နည်းပြီး ဓာတ်အားလွှတ်စက်ပစ္စည်းများ ထိခိုက်ပျက်စီးမှုကို ကာကွယ်နိုင်မည် ဖြစ်သည့်အတွက် အထက်ဖော်ပြပါလုပ်ငန်းများကို ၁၁-၇-၂၀၂၆ ရက်(စနေနေ့)၊ ၀၈:၀၀ နာရီမှ ၁၂:၀၀ နာရီအထိ၊ ၄ နာရီအကြာ လုပ်ငန်းများ  ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၃။   လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း အဆိုပါ ဓာတ်အားလိုင်းပေါ်တွင် စီးဆင်းလျက်   ရှိသော ဝန်အား ၂၀၀ မဂ္ဂါဝပ်ခန့် လျော့နည်းနေမည်ဖြစ်ပြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ဝန်အားထိန်းညှိ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနထံမှ သတင်းရရှိပါသည်။

 

 

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

10-Jul-2026