၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၁၄) ရက်
၁။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်ဓာတ်အားစနစ်အတွင်း ဝန်အားမျှတ တည်ငြိမ်စွာဖြင့် စဉ်ဆက်မပြတ်ဓာတ်အားပို့လွှတ်ဖြန့်ဖြူးနိုင်ရန်အတွက် ပင်မဓာတ်အားခွဲရုံများရှိ ထရန်စဖော်မာများနှင့် ဓာတ်အားခလုတ်ဝင်း (Switchbay) များ၊ ပို့လွှတ်ရေးနှင့် ဖြန့်ဖြူးရေး ဓာတ်အားလိုင်းများကို အခါအားလျော်စွာ ထိန်းသိမ်းပြုပြင်ခြင်းနှင့် လိုအပ်ပါက အသစ်တိုးချဲ့ တည်ဆောက်ခြင်းစသည့် လုပ်ငန်းများကို အားသွန်ခွန်စိုက် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
၂။ ယခုအခါ ၂၃၀ ကေဗွီ ကမာနတ်ပင်မဓာတ်အားခွဲရုံတွင် ၃၃ ကေဗွီ ဝေါဓာတ်အားလိုင်း၏ ဓာတ်အားဖြတ်ခလုတ်အား ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ၊ ဓာတ်အားလိုင်းနှင့်မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ(၁၄)ရက်နေ့၊ (၀၈:၀၀) နာရီမှ (၁၂:၀၀) နာရီအထိ အချိန်(၄) နာရီကြာခန့် ဓာတ်အားပိတ်၍ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
၃။ ထိုကဲ့သို့ လုပ်ငန်းဆောင်ရွက်စဉ်အတွင်း ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဓာတ်အားဖြန့်ဖြူး ပေးထားသော ဝေါမြို့၊ မြစ်ကြိုးနှင့် ဇောင်းတူတို့ရှိ ရပ်ကွက်၊ ကျေးရွာများနှင့် ၃၉ မိုင် EV Station စသည့်တို့ အချိန်(၄)နာရီကြာခန့် ယာယီဓာတ်အားပြတ်တောက်နေမည်ဖြစ်ပြီး၊ ဓာတ်အားပြတ် ဧရိယာများရှိ ဓာတ်အားသုံးစွဲသူ မိဘပြည်သူများအား သက်ဆိုင်ရာ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ရုံးများမှတစ်ဆင့် ကြိုတင်အသိပေးထားပြီးဖြစ်ပါကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သတင်း ရရှိပါသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန