The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

နေပြည်တော်လေဆိပ် ဓာတ်အားလိုင်းဖြင့် ပြန်လည်ပြောင်းလဲချိတ်ဆက်ခြင်းလုပ်ငန်းခွင်နှင့် လွတ်ကင်းမှုမရှိသော ၃၃ ကေဗွီ အေလာ - သာဝတ္ထိ ဓာတ်အားလိုင်းအား ဓာတ်အားပိတ်လုပ်ငန်း ဆောင်ရွက်ခြင်းအား အများပြည်သူသိရှိနိုင်ပါရန် သတင်းထုတ်ပြန်ခြင်း

 

နေပြည်တော်၊ ဇူလိုင်လ (၁၆) ရက်

   ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လေဆိပ်ဓာတ်အားခွဲရုံသို့ ဓာတ်အားဖြန့်ဖြူးပေး ထားသည့် ၃၃ ကေဗွီ ပျဉ်းမနား- နေပြည်တော် လေဆိပ်ဓာတ်အားလိုင်း အပြစ်ဖြစ်ပွားခဲ့ခြင်းအား ပြုပြင်တည်ဆောက်ပြီးဖြစ်သဖြင့်  လေဆိပ်ဓာတ်အားခွဲရုံသို့  ဓာတ်အားလိုင်း ပြန်လည်ချိတ်ဆက် ခြင်း လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ရာ လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးအတွက် လုပ်ငန်းခွင်နှင့် လွတ်ကင်းမှုမရှိသည့် ၃၃ ကေဗွီ အေလာ - သာဝတ္ထိ ဓာတ်အားလိုင်းကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့၊ နံနက် (၀၈:၀၀) နာရီမှ နေလယ် (၁၂:၀၀) နာရီအထိ ဓာတ်အားပိတ် လုပ်ငန်းဆောင်ရွက် သွားမည်ဖြစ်ပါသဖြင့် သာဝတ္ထိမြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာများနှင့် ​ရုံးဌာနများတွင် ဓာတ်အား ယာယီပြတ်တောက်နေမည်ဖြစ်ပြီး ဓာတ်အားပြတ်ဧရိယာများရှိ ရုံးဌာနများနှင့် အများပြည်သူ ဆိုင်ရာနေရာများကို ကြိုတင်အသိပေးထားပြီးဖြစ်ပါကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သတင်းရရှိပါသည်။

16-Jul-2026