The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများက ပခုက္ကူမြို့နယ်၊ ပေါင်လောင်ကန်ကျေးရွာအနီး မဟာဓာတ်အားလိုင်း တိုင်အမှတ် (၃၃၈) အား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှုကြောင့် ဒေသတွင်းလူမှုစီးပွားဘဝများ ထိခိုက်ဆုံးရှုံး

နေပြည်တော် ဇူလိုင် ၂၀

   လျှပ်စစ်စွမ်းအားကဏ္ဍသည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်၊ လူနေမှုဘဝမြင့်မားစေရန်နှင့် လူမှုစီးပွားဘဝ လုံခြုံတိုးတက်စေရန်အတွက် အဓိက အရေးကြီးသည်နှင့်အညီ နိုင်ငံတော်အစိုးရအနေဖြင့် လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် ဦးစားပေးဆောင်ရွက်ပေးလျက်ရှိသည်။ PDF အမည်ခံ အကြမ်းဖက်သောင်း ကျန်းသူများနှင့် အချို့သော EAOs အဖွဲ့များသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေသည့် လျှပ်စစ်စွမ်းအားကဏ္ဍနှင့်အခြားသောလုပ်ငန်းများကို  နည်းလမ်း ပေါင်းစုံဖြင့် တိုက်ခိုက်ဖျက်ဆီးနေသည်ကို တွေ့ရှိရသည်။

    ထိုသို့ လုပ်ဆောင်လျက်ရှိရာ PDF အမည်ခံ အကြမ်းဖက် သောင်းကျန်းသူများ သည် ဇူလိုင် ၁၉ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်ခန့်တွင် ပခုက္ကူမြို့နယ်၊ ပေါင်လောင်ကန် ရွာအနီး ၁၃၂ ကေဗွီ မဟာဓာတ်အားလိုင်း တိုင်အမှတ်(၃၃၈) အား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။ အဆိုပါ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှုကြောင့် ပခုက္ကူ၊ ရေစကြို၊ မြိုင်နှင့် ကမ္မမြို့များသို့ သွယ်တန်းထားသည့် လျှပ်စစ်မီးလိုင်းများ ပြတ်တောက် သွားခဲ့ရသည်။

   ယင်းဓာတ်အားလိုင်းဖျက်ဆီးခံရမှုကြောင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ၁၃၂ ကေဗွီဓာတ်အားပေး ကွန်ရက်စနစ်အတွင်း ဓာတ်အားတည်ငြိမ်မှုကိုပါ ထိခိုက်ခဲ့ရပြီး မကွေးတိုင်းဒေသကြီးအတွင်းရှိ အခြားမြို့၊ရွာများတွင်ပါ ဗို့အားကျဆင်းခြင်း၊ ရံဖန်ရံခါ ဓာတ်အားပြတ်တောက်ခြင်းများ ဖြစ်ပေါ်လျက်ရှိနေပါသည်။

   မိုင်းထောင်ဖောက်ခွဲမှုကြောင့် ကျိုးကျပျက်စီးခဲ့သည့် တာဝါတိုင် ၃၃၈ နေရာသို့ နယ်မြေလုံခြုံရေးအဖွဲ့များနှင့်အတူ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဝန်ထမ်းများနှင့် တာဝန်ရှိသူများ သွားရောက်၍ အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရေး ဆောင်ရွက် လျက်ပါသည်။

   ယင်းသို့ ဓာတ်အားလိုင်းများဖျက်ဆီးခံရသည်နှင့် တစ်ပြိုင်နက် လျှပ်စစ်ဝန်ထမ်းများသည် အမြန်ဆုံးလျှပ်စစ်ဓာတ်အား ပြန်လည်ပို့လွှတ်နိုင်ရေးအတွက် ကြိုးပမ်း ပြင်ဆင်ရန် ဆောင်ရွက်ရာတွင်လည်း PDF အမည်ခံ အကြမ်းဖက်သမားများက နှောင့်ယှက်တိုက်ခိုက်ခြင်း၊ လမ်းတစ်လျှောက် မိုင်းထောင်ထားခြင်းတို့ကြောင့် အချို့သော ဝန်ထမ်းများ သေဆုံးခြင်း၊ကိုယ်လက်အင်္ဂါများ စွန့်လွတ်ရခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း များလည်း ဖြစ်ပေါ်လျက်  လူ့စွမ်းအားအရင်းအမြစ်ကိုပါ ဆုံးရှုံးစေလျက်ရှိပါသည်။

   PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များသည် နိုင်ငံရေးပြောင်းလဲမှု ဖြစ်စဉ်များကိုအခွင့်ကောင်းယူ၍ ဒေသကောင်းစားရေးနှင့် ပြည်သူလူထုလုံခြုံရေး အတွက်ဟူသော အကြောင်းပြချက်များဖြင့် နိုင်ငံတော်အား ဆန့်ကျင်သည့် လုပ်ရပ် များကို လုပ်ဆောင်ခဲ့ကြသည်။ ယခုအခါ အကြမ်းဖက်သောင်းကျန်းသူများအဖြစ် လက်နက်အားကိုး၍ အေးချမ်းစွာ နေထိုင်လုပ်ကိုင်လျက်ရှိကြသည့် အပြစ်မဲ့အရပ်သား ပြည်သူများအား ခြိမ်းခြောက် အကြပ်ကိုင်ခြင်း၊ ဆက်ကြေးကောက်ခြင်း၊ အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်းများကို ယုတ်မာရိုင်းစိုင်းစွာ ဥပဒေမဲ့ ကျူးလွန်လျက်ရှိကြသည်။ ယခုကဲ့သို့ ပြည်သူလူထု၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ် လိုအပ်သည့် လျှပ်စစ်ဓာတ်အားလိုင်းများကို ဆင်ခြင်တုံတရား ကင်းမဲ့စွာဖြင့် မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများကို ဒေသခံပြည်သူများ အနေဖြင့် ရွံရှာမုန်းတီး လျက်ရှိပြီး အဆိုပါ အကြမ်းဖက်သောင်းကျန်းသူများအား အမြန်ဆုံးဖော်ထုတ်ဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက တာဝန်သိပြည်သူများ နှင့် ပူးပေါင်း၍ လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

21-Jul-2026