၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရေးနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေး ဓာတ်အားလိုင်းများတစ်လျှောက် မလွတ်ကင်းသော သစ်ပင် သစ်ကိုင်းများ၊ ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက် နိုင်ရန် ၂၃၀ ကေဗွီ ပင်မ (၁) ဓာတ်အားခွဲရုံမှ ဓာတ်အားဖြန့်ဖြူးပေးထားသော ၃၃ ကေဗွီ တောင်ညို ဓာတ်အားလိုင်းကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့တွင် နံနက် ၈ နာရီမှ ညနေ ၃ နာရီ အထိ ဓာတ်အားပိတ် ဆောင်ရွက်သွားမည်ဖြစ်ရာ ၃၃ ကေဗွီ တောင်ညို ဓာတ်အားလိုင်းမှ ဓာတ်အား ဖြန့်ဖြူးပေးထားသည့် ရွှေနံသာရပ်ကွက်နှင့် ကျေးရွာ စုစုပေါင်း (၅၁) ရွာတို့တွင် ဓာတ်အား ယာယီ ပြတ်တောက်နေမည်ဖြစ်ပြီး ဓာတ်အားပြတ်ဧရိယာများရှိ ဌာနများနှင့် အများပြည်သူများကို ကြိုတင် အသိပေးထားပြီး ဖြစ်ပါကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သတင်းရရှိပါသည်။