The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်မီတာအသစ်များကို Website မှ လျှောက်ထားရာတွင် ပေးသွင်းရမည့် နှုန်းထားများအား အသိပေးကြေညာခြင်း

၁။       လျှပ်စစ်ဓာတ်အားသုံးစွဲလိုသော်လည်း မီတာမရှိသေးသည့် မိဘပြည်သူများအနေဖြင့် အိမ်သုံး အပြင် စီးပွားရေး/စက်မှုလုပ်ငန်းများအတွက်ပါ လိုအပ်သည့် လျှပ်စစ်မီတာအသစ်များကို နိုင်ငံတော် အစိုးရထံမှ ဌားရမ်းအသုံးပြုရာတွင် လျင်မြန်စွာရရှိနိုင်ရန်နှင့် တစ်ဆင့်ခံပွဲစားများ၊ ဝန်ထမ်းများ၏ ပါဝင်ပတ်သက်မှုများမှ ကင်းဝေးစေပြီး အချိန်နှင့်စရိတ်စကများ သက်သာစေရန် ရည်ရွယ်၍ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့မှစ၍ Website မှတစ်ဆင့် ရုံးချုပ်သို့ လျှောက်ထားနိုင်မည်ဖြစ်ကြောင်း မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် နိုင်ငံပိုင်သတင်းစာများတွင် ကြေညာခဲ့ပြီးဖြစ်ပါသည်။

၂။       လျှပ်စစ်မီတာအသစ်များကို Website မှတဆင့်လျှောက်ထားရာတွင် ဌာနမှ သတ်မှတ်ချက်ဖြင့် ကိုက်ညီသော လျှောက်ထားမှုများအတွက် သတ်မှတ်ကြေးပေးသွင်းရာတွင် ကြီးကြပ်ခ၊ မီးသွယ်ခ၊  မီးဆက်ခအပါအဝင် ပေးသွင်းရမည့်နှုန်းထားသည် ယခင်အတိုင်း ပြောင်းလဲခြင်းမရှိဘဲ အောက်ပါအတိုင်း‌ ပေးသွင်းရမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်-

(က)

အိမ်သုံးမီတာ

-

၂၅၀,၀၀၀ ကျပ်

( ခ )

အိမ်သုံးပါဝါမီတာ (10 kW)

-

၁,၀၀၀,၀၀၀ ကျပ်

( ဂ )

အိမ်သုံးပါဝါမီတာ (20 kW)

-

၁,၂၃၀,၀၀၀ ကျပ်

(ဃ)

အိမ်သုံးပါဝါမီတာ (30 kW)

-

၁,၄၆၀,၀၀၀ ကျပ်

( င )

စက်မှုသုံးပါဝါမီတာ (10 kW)

-

၁,၀၇၇,၅၀၀ ကျပ်

( စ )

စက်မှုသုံးပါဝါမီတာ (20 kW)

-

၁,၃၈၂,၅၀၀ ကျပ်

(ဆ)

စက်မှုသုံးပါဝါမီတာ (30 kW)

-

၁,၆၈၇,၅၀၀ ကျပ်

 

 ၃။      သိရှိလိုသည်များမေးမြန်းလိုပါက အောက်ဖော်ပြပါဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်းနိုင်ပါ ကြောင်း ဖော်ပြအပ်ပါသည်-

(က)

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန (ရုံးချုပ်)

-

၀၆၇-၃၄၁၀၄၆၀

( ခ )

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC)

-

၁၇၁၇

( ဂ )

မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (MESC)

၀၂-၄၀၃၉၃၃၀၊ ၀၂-၄၀၇၃၆၆၆၊ ၀၂-၄၀၇၂၆၁၈ (Hot Line)

-

၁၆၁၆

(ဃ)

ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များ

၀၉-၆၈၂၂၃၂၆၀၀၊ ၀၉-၆၆၅၄၃၂၅၇၅         

-

၀၆၇-၃၄၁၀၄၀၇

                         လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

Post under by : ဝန်ကြီးရုံး
13-Aug-2026