The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

၂၃၀ ကေဗွီ ဘဲလင်းပင်မဓာတ်အားခွဲရုံ၊ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် ဓာတ်အားပိတ်မည့် အစီအစဉ်နှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးပန်ကြားချက်

 

၂၀၂၆ ခုနှစ်၊ သြဂုတ်လ (၁၅) ရက်

   လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်ဓာတ်အားစနစ်အတွင်း ဝန်အားမျှတ တည်ငြိမ်စွာဖြင့် စဉ်ဆက်မပြတ် ဓာတ်အားပို့လွှတ်ဖြန့်ဖြူးနိုင်ရန်အတွက် ပင်မဓာတ်အားခွဲရုံများနှင့် ဓာတ်အားလိုင်းများကို အခါအားလျော်စွာ ထိန်းသိမ်းပြုပြင်ခြင်းနှင့် လိုအပ်ပါက အသစ်တိုးချဲ့ တည်ဆောက်ခြင်းစသည့် လုပ်ငန်းများကို အားသွန်ခွန်စိုက် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါသည်။

   ယခုအခါ ၂၃၀ ကေဗွီ ဘဲလင်းပင်မဓာတ်အားခွဲရုံရှိ အပူချိန်မြင့်တက်မှုဖြစ်ပေါ်နေသော ကြားခံ လျှပ်ကူးပစ္စည်းများကို အစားထိုးလဲလှယ်ခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် အဆိုပါခွဲရုံရှိ ပင်မ ထရန်စဖော်မာ အမှတ်(၂)အား ၂၀၂၆ ခုနှစ်၊ သြဂုတ်လ (၁၅) ရက်နေ့၊ (၀၈:၀၀) နာရီမှ (၁၃:၀၀) နာရီအထိ အချိန်(၅)နာရီကြာခန့် ဓာတ်အားပိတ်၍ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

   ထိုကဲ့သို့ လုပ်ငန်းဆောင်ရွက်စဉ်အတွင်း မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျောက်ဆည်မြို့၊ စဉ့်ကိုင်မြို့၊ တံတားဦးမြို့ နှင့် ပလိပ်မြို့တို့ရှိ ရပ်ကွက်နှင့်ကျေးရွာများ၊ စက်ရုံ/အလုပ်ရုံများ အချိန် (၅)နာရီကြာခန့် ဓာတ်အားပြတ်တောက်နေမည်ဖြစ်ကြောင်း၊ ဓာတ်အားပြတ်ဧရိယာများရှိ ဓာတ်အား သုံးစွဲသူ မိဘပြည်သူများအား သက်ဆိုင်ရာမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးများမှတစ်ဆင့် ကြိုတင် အသိပေးထားပြီးဖြစ်ပါကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သတင်းရရှိပါသည်။

 

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

15-Aug-2026