၁။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှုများ လျော့နည်းပပျောက်စေရေးအတွက် စွမ်းဆောင်ရည်ကျဆင်းနေသည့် မီတာများနှင့် အသုံးပြုသက်တမ်း နှစ် ၂၀ ကျော်နေသည့် မီတာများအား လဲလှယ်ပေးခြင်းတို့အပြင် လျှပ်စစ်ဓာတ်အားသုံးစွဲလိုသော်လည်း မီတာမရရှိသေးသည့် မိဘပြည်သူများအနေဖြင့် လိုအပ်သည့် လျှပ်စစ်မီတာ အသစ်များကို လျင်မြန်စွာရရှိနိုင်ရန်နှင့် တစ်ဆင့်ခံပွဲစားများ၊ ဝန်ထမ်းများ၏ ပါဝင် ပတ်သက်မှုများမှ ကင်းဝေးစေပြီး အချိန်နှင့် စရိတ်စကများ သက်သာစေရန် ရည်ရွယ်၍ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့မှစ၍ Website မှတစ်ဆင့် ရုံးချုပ်သို့ တိုက်ရိုက်လျှောက်ထားခြင်းများကိုလည်း စတင်ဆောင်ရွက်ပေး လျက်ရှိပါသည်။
၂။ ယင်းသို့ Smart Meter စနစ်သို့ ကူးပြောင်းနိုင်ရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်နေသကဲ့သို့ Analog မီတာများအပါအဝင် Smart Meter စနစ်နှင့် ချိတ်ဆက်နိုင်ခြင်းမရှိသေးသည့် မီတာများ အသုံးပြုနေသည့် ပြည်သူများအနေဖြင့် ကိုယ်တိုင် မီတာဖတ်ရှု၍ မီတာခ ပေးဆောင်နိုင်မည့်အပြင် Control Centre များမှ စောင့်ကြည့်စစ်ဆေးနိုင်သည့် Digital စနစ်တစ်ခု တည်ဆောက်ခြင်းကိုလည်း တစ်ပြိုင်တည်း အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပြီး မကြာမီအချိန်အတွင်း စမ်းသပ်အသုံးပြုသွားမည်ဖြစ်ပါသည်။
၃။ ထို့အပြင်ဓာတ်အားခိုးယူသုံးစွဲမှုများတွင် ပါဝင်ပတ်သက်မှုရှိသည့် ဝန်ထမ်းများကို ထိရောက်စွာ အရေး ယူခြင်း၊ လုပ်ငန်းရှင်များကိုလည်း လျှပ်စစ်ဥပဒေနှင့်အညီ ဒဏ်ကြေးငွေပေးဆောင်စေခြင်း၊ မီတာအသုံးပြု ခွင့်ကို ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းနှင့် လုပ်ငန်းလိုင်စင် ပိတ်သိမ်း အရေးယူခြင်းတို့ကိုလည်း စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပါသည်။
၄။ သို့ဖြစ်၍ ဓာတ်အားခိုးယူသုံးစွဲမှုများ လျော့နည်းပပျောက်လာသည်နှင့်အမျှ နိုင်ငံတော်၏ လျှပ်စစ် ဓာတ်အားစနစ်သည် လျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည့်အပြင် လျှပ်စစ်ဓာတ်အားမရရှိသေးသည့် ပြည်သူများသို့ ပိုမို၍တိုးမြှင့်ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ရာ ပြည်သူများအနေဖြင့် လျှပ်စစ်ဓာတ်အားကို စနစ်တကျ အသုံးပြု၍ ကိုယ်ချင်းစာစိတ်များဖြင့် ပိုမိုပူးပေါင်းဆောင်ရွက်ပေးကြပါရန်နှင့် မသမာမှုအားတွေ့ရှိရပါကလည်း အောက်ဖော်ပြပါ Call Center ဖုန်းနံပါတ်များသို့ ဆက်သွယ်သတင်းပို့၍ တိကျစွာတိုင်ကြားနိုင်ပါကြောင်း အသိပေး မေတ္တာရပ်ခံအပ်ပါသည် -
|
(က) |
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန (ရုံးချုပ်) |
- |
၀၆၇-၃၄၁၀၀၇၂ |
|
(ခ) |
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) |
- |
၁၇၁၇ |
|
(ဂ) |
မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (MESC) ၀၂-၄၀၃၉၃၃၀၊ ၀၂-၄၀၇၃၆၆၆၊ ၀၂-၄၀၇၂၆၁၈ (Hot Line) |
- |
၁၆၁၆
|
|
(ဃ) |
ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များ ၀၉-၆၈၂၂၃၂၆၀၀၊ ၀၉-၆၆၅၄၃၂၅၇၅ |
- |
၀၆၇-၃၄၁၀၄၀၇
|
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန