The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

၂၃၀ ကေဗွီ ဝါးတရာပင်မဓာတ်အားခွဲရုံ၊ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် ဓာတ်အားပိတ်မည့် အစီအစဉ်နှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးပန်ကြားချက်

 

၂၀၂၆ ခုနှစ်၊ သြဂုတ်လ (၂၂) ရက်

   လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်ဓာတ်အားစနစ်အတွင်း ဝန်အားမျှတ တည်ငြိမ်စွာဖြင့် စဉ်ဆက်မပြတ် ဓာတ်အားပို့လွှတ်ဖြန့်ဖြူးနိုင်ရန်အတွက် ပင်မဓာတ်အားခွဲရုံများနှင့် ဓာတ်အားလိုင်းများကို အခါအားလျော်စွာ ထိန်းသိမ်းပြုပြင်ခြင်းနှင့် လိုအပ်ပါက အသစ်တိုးချဲ့ တည်ဆောက်ခြင်းစသည့် လုပ်ငန်းများကို အားသွန်ခွန်စိုက် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိရာ ၂၃၀ ကေဗွီ ဝါးတရာပင်မဓာတ်အားခွဲရုံရှိ မီးစားမှုဖြစ်ပေါ်နေသော ဗို့အားမြင့် ဓာတ်အား ဖွင့်/ပိတ် ခလုတ်အား ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရန် အဆိုပါခွဲရုံရှိ ပင်မထရန်စဖော်မာအမှတ် (၁) ကို ၂၀၂၆ ခုနှစ်၊ သြဂုတ်လ (၂၃) ရက်နေ့၊ (၀၈:၀၀) နာရီမှ (၁၀:၃၀) နာရီအထိ အချိန်(၂)နာရီခွဲခန့် ဓာတ်အားပိတ် ဆောင်ရွက်သွားမည်ဖြစ်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သာဓုကန်စက်မှုဇုန်၊ ဝါးတရာစက်မှုဇုန်၊ ရွှေလင်ပန်းစက်မှုဇုန်၊ မြန်မာပေါင်ချိန်စက်ရုံနှင့် ရွှေပြည်သာမြို့နယ်တို့ရှိ ရပ်ကွက် အချို့နှင့် ကျေးရွာများ၊ စက်ရုံ/အလုပ်ရုံများ ဓာတ်အားပြတ်တောက်နေမည်ဖြစ်ကြောင်းနှင့် ဓာတ်အားပြတ်ဧရိယာများရှိ ဓာတ်အားသုံးစွဲသူ မိဘပြည်သူများအား သက်ဆိုင်ရာ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာရုံးများမှတစ်ဆင့် ကြိုတင်အသိပေးထားပြီးဖြစ်ပါကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာနမှ သတင်းရရှိပါသည်။

 

 

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

22-Aug-2026