The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

၆၆ ကေဗွီ ပုသိမ်(ကံကုန်း)-ငရုတ်ကောင်းတောင် ဓာတ်အားလိုင်း ဓာတ်အားပြတ်တောက်မှုအခြေအနေနှင့်စပ်လျဉ်း၍ ပြည်သူသို့အသိပေးပန်ကြားချက်

၁။   လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ မဟာ ဓာတ်အားလိုင်းမှူးရုံး (ရေကြည်) မှ တာဝန်ယူထိန်းသိမ်းသည့် ၆၆  ပုသိမ်(ကံကုန်း)-ငရုတ်ကောင်း တောင် ဓာတ်အားလိုင်းသည် ၂၆-၈-၂၀၂၆ ရက်၊ ၁၇:၄၈ နာရီတွင် ဓာတ်အားလိုင်း အပြစ်ဖြစ်ပေါ်ခဲ့ပါသည်။

၂။   အဆိုပါ ဓာတ်အားလိုင်းပြတ်တောက်မှုကြောင့် ငရုတ်ကောင်းမြို့နှင့်ဟိုင်းကြီးကျွန်း မြို့တို့တွင်ယာယီဓာတ်အားပြတ်တောက်လျက်ရှိကြောင်းနှင့် ဓာတ်အားလိုင်းအပြစ်ဖြစ်ပေါ်မှုအား မဟာဓာတ်အားလိုင်းမှူးရုံး(ရေကြည်)မှ ဝန်ထမ်းများက ဓာတ်အားလိုင်းစစ်ဆေးပြုပြင်ခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒေသအတွင်းရှိ ပြည်သူလူထုမှလည်း အဆိုပါ ဓာတ်အားလိုင်းနှင့်ပတ်သက်၍ ထူးခြားမှုတစ်စုံတစ်ရာသိရှိပါက နီးစပ်ရာ လျှပ်စစ်ရုံးများသို့ ဆက်သွယ် အကြောင်းကြားနိုင်ပါကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သတင်းရရှိပါသည်။

28-Aug-2026