နေပြည်တော်၊ စက်တင်ဘာလ ၁၀
ပြည်ထောင်စုနယ်မြေနေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်း ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရေးအတွက် ဓာတ်အားလိုင်းများတစ်လျှောက် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ၊ ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ဓာတ်အားလိုင်းများနှင့် သစ်ပင်သစ်ကိုင်းများထိ၍ ဗို့အား ကျဆင်းခြင်းမှ ကင်းဝေးစေရေးအတွက် ထိမ်းသိန်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ၃၃ ကေဗွီ ရေဆင်းဓာတ်အားလိုင်းကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့ နံနက် ၈ နာရီမှ နေ့လယ် ၃ နာရီ အထိ လည်းကောင်း ၊ ၃၃ ကေဗွီ ဇေယျာသီရိ ဓာတ်အားလိုင်းကို စက်တင်ဘာလ ၁၃ ရက်နေ့ နံနက် ၈ နာရီမှ နေ့လယ် ၃ နာရီ အထိလည်းကောင်း ဓာတ်အားပိတ်၍ လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ရာ အဆိုပါဓာတ်အားလိုင်းအနီးရှိ ရုံးဌာနများ၊ ရပ်ကွက်များနှင့် ကျေးရွာ များတွင် ယာယီဓာတ်အားပြတ်တောက်နေမည်ဖြစ်ပါသဖြင့် ဓာတ်အားပြတ်ဧရိယာများရှိ ရုံးဌာနများ နှင့် အများပြည်သူဆိုင်ရာနေရာများကို ကြိုတင်အသိပေးထားပြီး ဖြစ်ပါကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သတင်းရရှိပါသည်။