The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

သတင်းထုတ်ပြန်ချက်

နေပြည်တော်၊ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ(၁၃)ရက်

   လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် ဌာနမှ တာဝန်ရှိသူများနှင့် အတူ ပဲခူးတိုင်းဒေသကြီး(အရှေ့)၊ တိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာရုံးတွင် ဝန်ထမ်းများနှင့် တွေ့ဆုံ၍ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့်ပတ်သက်၍ လမ်းညွှန်မှာကြားခြင်းအား စက်တင်ဘာလ (၁၂)ရက်နေ့တွင်လည်းကောင်း၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ အရှေ့ပိုင်းခရိုင် အတွင်းလုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် သာကေတမြို့နယ်၊ ၆၆/၃၃/၁၁ ကေဗွီ MOGE GIS ဓာတ်အားခွဲရုံမှ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှုအခြေများအား စက်တင်ဘာလ(၁၃)ရက်နေ့တွင် လည်းကောင်း လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

   ယခုလ ၁၂ ရက်နေ့ မွန်းလွဲပိုင်းက ဒုတိယဝန်ကြီးသည် ဌာနမှတာဝန်ရှိသူများနှင့်အတူ ပဲခူးတိုင်းဒေသကြီး(အရှေ့)၊ တိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာရုံးသို့ရောက်ရှိရာ တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ ဒုတိယ ဝန်ကြီးက ဓာတ်အားလိုင်းများ ပို့လွှတ်/ဖြန့်ဖြူးပေးရာတွင် အန္တရာယ်ကင်းရှင်းစေရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ဓာတ်အားပျောက်ဆုံးမှုလျော့နည်းကျဆင်းရေးနှင့် ဓာတ်အားခ ကြွေးကျန်များရရှိရေးအတွက်ဆောင်ရွက်ရမည့်အချက်များ၊ နှစ်အလိုက်တိုးတက်လာမည့် ဓာတ်အား သုံးစွဲလိုသူများအား ဓာတ်အားဖြန့်ဖြူးပေးရာတွင် အရည်အသွေးပြည့်မှီသောဓာတ်အားဖြင့် ဖြန့်ဖြူး ပေးနိုင်ရေးအတွက် ထုတ်လုပ်/ပို့လွှတ်/ဖြန့်ဖြူးရေးဌာနများအနေဖြင့် ပူးပေါင်းဆောင်ရွက်၍ ဝန်ကြီးဌာန ပုံရိပ်ကောင်းအောင် ကြိုးစားဆောင်ရွက်သွားကြရန်မှာကြားခဲ့ပြီး ဝန်ထမ်းများအား စားသောက် ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

   ထို့နောက် ညနေပိုင်းတွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုးရေးရှင်း၊ လှည်းကူးမြို့နယ် အတွင်းရှိ  ၆၆/၁၁ ကေဗွီ၊ ၂၀ အမ်ဗွီအေ (၁)မိုင် GIS ဓာတ်အားခွဲရုံအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့ပါသည်။

   ဒုတိယဝန်ကြီးသည် စက်တင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ သာကေတမြို့နယ်လျှပ်စစ်မန်နေဂျာရုံးသို့ ရောက်ရှိရာ တာဝန်ရှိသူများက အရှေ့ပိုင်းခရိုင်အတွင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊  AMI စနစ်သုံး Digital Smart Meter များလဲလှယ်ဆောင်ရွက်လျက်ရှိသည့်အခြေအနေများနှင့် ဆက်လက်ဆောင်ရွက် သွားမည့်အစီအစဉ်များအား ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များအား ဖြည့်စွက် မှာကြားခဲ့ပါသည်။

   မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင်အတူ သာကေတမြို့နယ်အတွင်းတွင် ယူနစ်ပျောက်ဆုံးမှုလျော့နည်းကျဆင်းရေးနှင့် AMI စနစ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အတွက် ခရိုင်အစုအဖွဲ့ဖြင့် Digital Smart Meter များ ပြောင်းလဲတပ်ဆင်ဆောင်ရွက်ပေးနေမှုအခြေ အနေများနှင့်  ၆၆/၃၃/၁၁ ကေဗွီ၊ ၃၀ အမ်ဗွီအေ MOGE GIS ဓာတ်အားခွဲရုံမှ ဓာတ်အားပို့လွှတ်ဖြန့်ဖြူး ပေးနေမှုအခြေများအား လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များမှာကြားခဲ့ကြောင်း သတင်းရရှိ ပါသည်။

Post under by : ဝန်ကြီးရုံး
13-Sep-2026