The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

၃၃ ကေဗွီ ဓာတ်အားခွဲရုံနှင့်  ဓာတ်အားလိုင်းများ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းအား အများပြည်သူများ သိရှိနိုင်ပါရန် သတင်းထုတ်ပြန်ခြင်း

၂၀၂၆ ခုနှစ်၊ အောက်တိုဘာ

   ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်အတွင်း စဉ်ဆက်မပြတ် ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေး ၃၃ ကေဗွီ ဓာတ်အားခွဲရုံအမှတ် (၁) ရှိ ထရန်စဖော်မာအမှတ် (၂)ကို ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နေ့၊ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ ဓာတ်အားပိတ်လုပ်ငန်း ဆောင်ရွက်သွားမည်ဖြစ်ရာ ၎င်းထရန်စဖော်မာမှ ဓာတ်အားဖြန့်ဖြူးပေးထားသော ရုံးဌာနများ၊ ကုတင်(၁၀၀၀) ဆေးရုံ၊ သာယာကုန်း ရပ်ကွက်နှင့် ပြန်ကပြေးရပ်ကွက်တို့တွင် ယာယီဓာတ်အားပြတ်တောက်နေမည်ဖြစ်ပါသည်။

   အလားတူ ၂၃၀/၆၆/၁၁ ကေဗွီ ဘားအံပင်မဓာတ်အားခွဲရုံမှ ဓာတ်အားဖြန့်ဖြူးပေးထားသည့် ၆၆ ကေဗွီ ဘားအံ-စက်မှုဇုန်ဓာတ်အားလိုင်းနှင့် စက်မှုဇုန်-လှိုင်းဘွဲ့ ဓာတ်အားလိုင်းများကို လျှပ်စစ် အန္တရာယ်ကင်းရှင်းစေရေးအတွက် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် ထိန်းသိမ်း ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အောက်တိုဘာလ ၁၈  ရက်နေ့ နံနက် (၀၈:၀၀)နာရီမှ (၁၇:၀၀) နာရီအထိ ဓာတ်အားပိတ်၍ လုပ်ငန်းများဆောင်ရွက်သွားမည်ဖြစ်ရာ ၆၆ ကေဗွီ ဘားအံ စက်မှုဇုန်ဖီဒါမှ ဓာတ်အားဖြန့်ဖြူးပေးထားသည့် တောင်ကလေး ပတ်ဝန်းကျင်ရှိ အရေးကြီးနေရာများ၊ စက်ရုံ၊ အလုပ်ရုံများ၊ ‌ကျေးရွာများနှင့် ၆၆/၃၃/၁၁ ကေဗွီ လှိုင်းဘွဲ့(ချမ်းသာ) ဓာတ်အားခွဲရုံမှ ဓာတ်အား ဖြန့်ဖြူးပေးထားသည့် လှိုင်းဘွဲ့ ၊ ပိုင်ကျုံ ၊ မြိုင်ကြီးငူ၊ ကမမောင်းမြို့များနှင့် ကမ်းနီအနီးရှိကျေးရွာ များတို့တွင် ယာယီဓာတ်အားပြတ်တောက်နေမည်ဖြစ်ပါကြောင်း ဓာတ်အားပြတ်ဧရိယာများရှိ အရေးကြီးနေရာများနှင့် အများပြည်သူများကို ကြိုတင်ညှိနှိုင်းအကြောင်းကြားထားပြီးဖြစ်ပါကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန သတင်းရရှိပါသည်။

17-Oct-2026