၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၈
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်ဓာတ်အားစနစ်အတွင်း ဝန်အားမျှတ တည်ငြိမ်စွာဖြင့် စဉ်ဆက်မပြတ် ဓာတ်အားပို့လွှတ်ဖြန့်ဖြူးနိုင်ရန်အတွက် ပင်မဓာတ်အားခွဲရုံများနှင့် ဓာတ်အားလိုင်းများကို ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၃၀ ကေဗွီ ပျဉ်းမနားပင်မဓာတ်အားခွဲရုံရှိ ၁၀၀ အမ်ဗွီအေ မိန်းထရန်စဖော်မာ ထိန်းသိမ်းပြုပြင်ခြင်းလု်ပငန်းအား အောက်တိုဘာလ (၁၈) ရက်နေ့၊ (၁၂:၀၀)နာရီမှ (၁၄:၀၀)နာရီအထိ ဓာတ်အားပိတ်ဆောင်ရွက်မည် ဖြစ်ပါ၍ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်နှင့် ဒက္ခိဏသီရိ မြို့နယ်တို့ရှိ ရပ်ကွက်အချို့နှင့် ကျေးရွာအချို့ အချိန်(၂)နာရီကြာခန့် ယာယီဓာတ်အားပြတ်တောက် နေမည်ဖြစ်ကြောင်း၊ ဓာတ်အားပြတ်ဧရိယာများရှိ ဓာတ်အားသုံးစွဲသူ မိဘပြည်သူများအား သက်ဆိုင်ရာမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှတစ်ဆင့် ကြိုတင်အသိပေးထားပြီးဖြစ်ပါကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သတင်းရရှိပါသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန