၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၂၃
၂၃၀/၆၆/၁၁ ကေဗွီ ဘားအံပင်မ ဓာတ်အားခွဲရုံမှ ဓာတ်အားဖြန့်ဖြူးပေးထားသည့် ၆၆ ကေဗွီ ဘားအံ-စက်မှုဇုန်ဓာတ်အားလိုင်းနှင့် စက်မှုဇုန်-လှိုင်းဘွဲ ဓာတ်အားလိုင်းများကို လျှပ်စစ်အန္တရာယ် ကင်းရှင်း စေရေးအတွက် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့ နံနက် (၀၈:၀၀) နာရီမှ (၁၇:၀၀) နာရီ အထိ ဓာတ်အားပိတ်၍ လုပ်ငန်းများဆောင်ရွက်သွားမည်ဖြစ်ရာ လုပ်ငန်းဆောင်ရွက်နေစဉ် ၆၆ ကေဗွီ ဘားအံစက်မှုဇုန်ဖီဒါမှ ဓာတ်အားဖြန့်ဖြူးပေးထားသည့် တောင်ကလေး ပတ်ဝန်းကျင်ရှိ အရေးကြီး နေရာများ၊ စက်ရုံ ၊အလုပ်ရုံများ၊ ကျေးရွာများနှင့် ၆၆/၃၃/၁၁ ကေဗွီ လှိုင်းဘွဲ(ချမ်းသာ) ဓာတ်အားခွဲရုံမှ ဓာတ်အားဖြန့်ဖြူးပေးထားသည့် လှိုင်းဘွဲ ၊ ပိုင်ကျုံ ၊ မြိုင်ကြီးငူ၊ ကမမောင်းမြို့များနှင့် ကမ်းနီအနီးရှိ ကျေးရွာများတို့တွင် ယာယီဓာတ်အား ပြတ်တောက်နေမည်ဖြစ်ပါကြောင်း ဓာတ်အားပြတ်ဧရိယာများရှိ အရေးကြီးနေရာများနှင့် အများပြည်သူများကို ကြိုတင်အကြောင်းကြားထားပြီးဖြစ်ပါကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန သတင်းရရှိပါသည်။