The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချင်းတောင်မြို့တွင် ကျင်းပသည့် စတုတ္ထအကြိမ် ရပ်ဝန်းနှင့်ပိုးလမ်းမ စွမ်းအင်ဝန်ကြီးများညီလာခံသို့ တက်ရောက်ခြင်း

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ (   ၂၆   ) ရက်

   တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချင်းတောင်မြို့တွင် တရုတ်နိုင်ငံအမျိုးသားစွမ်းအင် အုပ်ချုပ်မှုအဖွဲ့မှ ကြီးမှုးကျင်းပသော စတုတ္ထအကြိမ်ရပ်ဝန်းနှင့်ပိုးလမ်းမ စွမ်းအင်ဝန်ကြီးများ ညီလာခံသို့ တက်ရောက် ရန်ရောက်ရှိနေသော လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ဦးဆောင် သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာလ ၂၅ ရက်နေ့ နှင့် ၂၆ ရက်နေ့တို့တွင် ကျင်းပသည့် ရပ်ဝန်းနှင့်ပိုးလမ်းမ စွမ်းအင်ဝန်ကြီးများ အုပ်ချုပ်ရေးဘုတ်အဖွဲ့၏ ပထမအကြိမ် အစည်းအဝေးနှင့် စတုတ္ထအကြိမ် ရပ်ဝန်းနှင့်ပိုးလမ်းမ စွမ်းအင်ဝန်ကြီးများညီလာခံသို့ တက်ရောက်ဆွေးနွေးခဲ့ပါသည်။

   ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးရာတွင် ကမ္ဘာ့နိုင်ငံအသီးသီးအနေဖြင့် မိမိတို့၏ စွမ်းအင် လိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများကို ဂရုပြုဆောင်ရွက် လျက်ရှိနေပါကြောင်း၊ ယနေ့အစည်းအဝေး၏ ရည်ရွယ်ချက်နှင့်လည်း ထပ်တူကျပါကြောင်း၊ မိမိတို့ နိုင်ငံအနေဖြင့်လည်း ပြန်ပြည့်မြဲစွမ်းအင်များဖြစ်သည့် ရေအား၊ နေရောင်ခြည်၊ လေစွမ်းအင်တို့ကို အဓိက အသုံးပြုသွားရန် ဆောင်ရွက်လျက်ရှိသကဲ့သို့ ရုပ်ကြွင်းလောင်စာများ အသုံးပြုရာတွင်လည်း သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်စေရန်အချက်ကိုလည်း သတိပြုဆောင်ရွက်နေပါကြောင်း၊ ပြန်ပြည့်မြဲစွမ်းအင် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ၊ ကာဗွန်ထုတ်လုပ်မှု လျော့ချရေးအစီအစဉ်များ ဆောင် ရွက်ရာတွင် မိမိတို့နိုင်ငံအနေဖြင့် တက်ကြွစွာပူးပေါင်း ဆောင်ရွက်နေပါကြောင်း၊ ထိုသို့ ဆောင်ရွက် နိုင်ရန်အတွက် ယခုအစီအစဉ်ကို ဦးဆောင်ကျင်းပသည့် တရုတ်နိုင်ငံအမျိုးသားစွမ်းအင် အုပ်ချုပ်မှုအဖွဲ့ ၏ အကူအညီကို တိုးမြှင့်ရယူလိုပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

   ၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အမျိုးသားစွမ်းအင်အုပ်ချုပ်မှုအဖွဲ့ (National Energy Administration- NEA) အကြီးအကဲနှင့် အဖွဲ့အားတွေ့ဆုံ၍ ရေအားလျှပ်စစ်စီမံကိန်းများ၊ နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်း စီမံကိန်းများ၊ ဆိုလာစွမ်းအင်အသုံးပြုမှုကိုမြှင့်တင်နိုင်ရေး စီမံကိန်းများ၊ ဘက်ထရီစွမ်းအင်သိုလှောင်မှု စီမံကိန်းများ၊ စုပ်တင်ရေအားလျှပ်စစ်စီမံကိန်းများ၊ လေအားလျှပ်စစ်စီမံ ကိန်းများ၊ ကမ်းလွန်သဘာဝဓာတ်ငွေ့ တူးဖော်ရေးလုပ်ကွက်အသစ်များတွင် ရင်းနှီးမြုပ်နှံရန်ကိစ္စရပ်များ၊  နည်းပညာ၊ ကျွမ်းကျင်မှုနှင့်ရင်းနှီးမြုပ်နှံဆောင်ရွက်နိုင်မည့် တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်သည့် လျှပ်စစ် နှင့်စွမ်းအင်စီမံကိန်းများအတွက် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်သွားနိုင်ရေးကို နှစ်ဘက် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
26-Nov-2026