၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် တရားမဝင်ဓာတ်အားခိုးယူသုံးစွဲမှုများကို စောင့်ကြည့် စစ်ဆေးဖော်ထုတ်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ လ ၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ် ကြီးမြို့နယ်အတွင်း ကနဦးကွင်းဆင်းစစ်ဆေးချက်များအရ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဆိုင်ရာ လုပ်ထုံး လုပ်နည်းနှင့်မညီသော လျှပ်စစ်ဓာတ်အား ဆင့်ပွားသုံးစွဲနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပါသည်။
သို့ဖြစ်၍ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့တွင် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပို ရေးရှင်း၊ ရုံးချုပ်၊ ခရိုင်၊ မြို့နယ် ပါဝင်သောကော်မတီအဖွဲ့ဖြင့် ထပ်မံကွင်းဆင်းစစ်ဆေးခဲ့ရာ ပုသိမ်ကြီး မြို့နယ်အတွင်းရှိ ငြိမ်းချမ်းသာစံကျေးရွာအုပ်စု၊ ဦးပိုင်အမှတ်(၃၁/၁)၊ ကွင်းအမှတ် (၄၄၈-က)၊ ကလိန် တိန် အရှေ့ကွင်း (၃.၀၆) ဧကတွင် ဦးအောင်ခင်၏ စပါးတလင်းနှင့်စပါးဂိုဒေါင်လုပ်ငန်း၊ ငြိမ်းချမ်းသာစံ ကျေးရွာအုပ်စု၊ နွယ်နီကျေးရွာ၊ ဦးပိုင်အမှတ်(၅၉၊ ၆၀/၁၊ ၆၀/၂)၊ ကွင်းအမှတ် (၄၄၈)၊ ကလိန်တိန် အနောက် ကွင်း(၄.၁၈)ဧကတွင် ဒေါ်မြင့်မြင့်ကြည်၏ အလင်းရောင်နှင့်အထွေထွေသုံးလုပ်ငန်း၊ ငြိမ်းချမ်းသာစံ ကျေးရွာအုပ်စု၊ ဦးပိုင်အမှတ်(၁၇/၁)၊ ကွင်းအမှတ် (၄၄၉-က)၊ ငြိမ်းချမ်းသာဇံ အနောက်ကွင်း (၃.၅၄) ဧကတွင် ဦးစိန်အောင်၏ အလင်းရောင်နှင့် အထွေထွေသုံးလုပ်ငန်း)၊ ဇီးချိုကုန်း ကျေးရွာအုပ်စု၊ ဦးပိုင် အမှတ်(၁)၊ ကွင်းအမှတ် (၄၉၀)၊ ဇီးချိုကုန်းကွင်း (၂.၇၉) ဧကတွင် ဦးစန်းယု၏ အဆင့်မြင့် စိုက်ပျိုး ရေး လုပ်ငန်း၊ နန္ဒာ ကျေးရွာအုပ်စု၊ ဦးပိုင်အမှတ် (၁၇၂)၊ ကွင်းအမှတ် (၄၅၀)၊ နန္ဒာတောင်ကျေးရွာ (၂.၁) ဧက တွင် ဒေါ်တူးမာ၏ သီးနှံဂိုဒေါင်နှင့် ဓာတ်မြေဩဇာအရောင်းဆိုင်လုပ်ငန်း၊ ရွှေကျင်ကွက်သစ် ကျေးရွာ၊ ဦးပိုင်အမှတ်(၁၂၉)၊ ကွင်းအမှတ် (၄၅၀)၊ (၀.၉၈)ဧကတွင် ဦးနေဝင်းနိုင်(ခ) ဦးဇော်လတ်၏ အလင်း ရောင်နှင့် အထွေထွေသုံးလုပ်ငန်း၊ နန်းဦးလွင်ကျေးရွာအုပ်စု၊ ဦးပိုင်အမှတ်(၁၈)၊ ကွင်းအမှတ် (၅၁၂)၊ ကန်ကောက်ကန်တွင်းကွင်း (၂.၀၀)ဧကတွင် ဦးစိုးလင်း၏အထည်ချုပ် စက်ရုံလုပ်ငန်း၊ စုစုပေါင်းလုပ် ငန်း(၇)ခုတို့၏ ပုဂ္ဂလိကထရန်စဖော်မာ(၇)လုံးတို့သည် ခွင့်ပြုမိန့်တွင် မပါသည့် ၄၀၀ ဗို့အား ဓာတ်အား လိုင်းများအား တိုးချဲ့တည်ဆောက်သွယ်တန်း၍ ပြင်ပ Sub Meter များဖြင့် တရားမဝင် ဓာတ်အားခိုး ယူ သုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အဆိုပါပုဂ္ဂလိကထရန်စဖော်မာ(၇)လုံးတို့အား လျှပ်စစ်ဓာတ် အားဖြတ်တောက်ထားရှိပြီး လျှပ်စစ်ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်ထားရှိပြီးဖြစ်ပါသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနရှိ Control Center များ၏ နည်းပညာအဆင့်မြှင့်တင်လာနိုင်သည့် အတွက် လျှပ်စစ်ဓာတ်အားခိုးယူသုံးစွဲမှုများ ပိုမိုဖော်ထုတ်လာနိုင်သည်နှင့်အမျှ လျှပ်စစ်ဓာတ်အား မရရှိ သေးသည့် ပြည်သူများအား ပိုမိုတိုးမြှင့်ဖြန့်ဖြူးပေးနိုင်လျက်ရှိပါသည်။ ပြည်သူများအနေဖြင့်လည်း လျှပ်စစ် ဓာတ်အားကို စည်းကမ်းတကျသုံးစွဲကြရန်နှင့် ဓာတ်အားခိုးယူသုံးစွဲမှုများတွေ့ရှိပါက Call Center များသို့ ဆက်သွယ်သတင်းပေးခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ကြပါရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက အသိပေး ကြေညာထားကြောင်း သတင်းရရှိပါသည်။