The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်မှ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ သြစတြီးယားနိုင်ငံ သံအမတ်ကြီး H.E. Dr. Eva Hager နှင့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ ဆွေးနွေးသည့် သတင်း

နေပြည်တော်၊ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ () ရက်

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ သြစတြီးယားနိုင်ငံ သံအမတ်ကြီး H.E. Dr. Eva Hager နှင့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲ (၁၄:၀၀) နာရီတွင် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

          အဆိုပါတွေ့ဆုံမှုတွင် သြစတြီးယားနိုင်ငံနှင့် မြန်မာနိုင်ငံအကြား လျှပ်စစ်နှင့်စွမ်းအင် ကဏ္ဍပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရေး၊ သြစတြီးယားနိုင်ငံအစိုးရ၏ ဘဏ္ဍာရေးဆိုင်ရာ အထောက်အပံ့နှင့် နည်းပညာပံ့ပိုးမှုများဖြင့် အနာဂတ် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားရန်တို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ပါသည်။

          ထိုတွေ့ဆုံပွဲသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ သြစတြီးယားနိုင်ငံ သံရုံးမှ Commercial Attache ဖြစ်သူ Mr. Daniel Zawarczynski နှင့် ဂုဏ်ထူးဆောင် ကောင်စစ်ဝန် ဦးအောင်သန်းဌေးတို့ တက်ရောက်ခဲ့ကြပါသည်။

Post under by : ဝန်ကြီးရုံး
03-Jul-2018