The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

၂၃၀ ကေဗွီ ကျိုက်လတ်ဓာတ်အားခွဲရုံမှ ဓာတ်အားစတင်ဖြန့်ဖြူး

၁။      လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် ဧရာဝတီတိုင်းဒေသကြီးအတွင်း လျှပ်စစ် ဓာတ်အား ပိုမိုဖြန့်ဖြူးပေး နိုင်ရေးအတွက် ၂၃၀ကေဗွီ လှိုင်သာယာ-ကျိုက်လတ်ဓာတ်အားလိုင်း (၅၂.၂၆) မိုင်၊ ၂၃၀/၆၆/၁၁ကေဗွီ၊ (၁၀၀) အမ်ဗွီအေနှင့် ၆၆/၃၃ကေဗွီ၊ (၃၀) အမ်ဗွီအေ ကျိုက်လတ်ဓာတ်အား ခွဲရုံတည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၁၄ ခုနှစ်မှ စတင်အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ပြီး (၂၈-၆-၂၀၁၈) ရက်နေ့တွင် လှိုင်သာယာ-ကျိုက်လတ်ဓာတ်အား လိုင်းမှတဆင့် ကျိုက်လတ်ဓာတ်အားခွဲရုံသို့ ဓာတ်အားပို့လွှတ်ပြီး ကျိုက်လတ်ဓာတ်အားခွဲရုံ၏ ၂၃၀/၆၆/ ၁၁ကေဗွီ၊ (၁၀၀) အမ်ဗွီအေ ထရန်စဖော်မာအား ဓာတ်အားစတင်ပို့လွှတ်ခဲ့ပါသည်။

၂။      ကျိုက်လတ်ဓာတ်အားခွဲရုံ၏ ၆၆/၃၃ကေဗွီ၊ (၃၀) အမ်ဗွီအေ ထရန်စဖော်မာအား (၂၉-၆-၂၀၁၈) ရက်နေ့တွင် ဓာတ်အားပို့လွှတ်ထားပြီးဖြစ်၍ (၃၀-၆-၂၀၁၈) ရက်နေ့တွင် ကျိုက်လတ် ဓာတ်အားခွဲရုံ၏ ၃၃ကေဗွီ ဖီဒါများမှတဆင့် ကျိုက်လတ်၊ မအူပင်၊ ဖျာပုံ၊ ဒေးဒရဲ၊ ဘိုကလေးနှင့် မော်လမြိုင်ကျွန်းမြို့နယ်များနှင့် အနီးပတ်ဝန်းကျင်ဒေသများ ဓာတ်အားပိုမိုဖြန့်ဖြူးနိုင် မည်ဖြစ်ပါသည်။

Post under by : လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန(DPTSC)
29-Jun-2018