The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်မီတာအသစ်များကို Website မှ လျှောက်ထားနိုင်ကြောင်း အသိပေးကြေညာခြင်း

  • လျှပ်စစ်ဓာတ်အားသုံးစွဲလိုသော်လည်း မီတာမရှိသေးသည့် မိဘပြည်သူများအနေဖြင့် အိမ်သုံး အပြင် စီးပွားရေး/ စက်မှုလုပ်ငန်းများအတွက်ပါ လိုအပ်သည့် လျှပ်စစ်မီတာအသစ်များကို နိုင်ငံတော်အစိုးရထံမှ ငှားရမ်းအသုံးပြုရာတွင် လျင်မြန်စွာ ရရှိနိုင်ရန်နှင့် တစ်ဆင့်ခံပွဲစားများ၊ ဝန်ထမ်းများ၏ ပါဝင်ပတ်သက်မှုများမှ ကင်းဝေးစေပြီး အချိန်နှင့် စရိတ်စကများ သက်သာစေရန် ရည်ရွယ်၍ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့မှစ၍ Website မှတစ်ဆင့် ရုံးချုပ်သို့ လျှောက်ထား နိုင်မည်ဖြစ်ပါသည်။
  • လျှပ်စစ်ဓာတ်အားကို စတင်ထုတ်လုပ်သည်မှ ပြည်သူများလက်ဝယ်သို့ ရောက်ရှိလာသည်အထိ နိုင်ငံတော်မှ မတည်ရင်းနှီးထားရသည့် လျှပ်စစ်ဓာတ်အားဆိုင်ရာ အခြေခံအဆောက်အဦများကို စဉ်ဆက်မပြတ် မွမ်းမံထိန်းသိမ်းခြင်း၊ တိုးတက်ပြောင်းလဲလာသည့် နည်းပညာများနှင့်အညီ အဆင့်မြှင့်တင်ခြင်းတို့ ပြုလုပ်နိုင်မှသာ ပြည်သူများအနေဖြင့် လျှပ်စစ်ဓာတ်အားကို အရည် အသွေးပြည့်မီစွာ အသုံးပြုနိုင်မည်ဖြစ်ရာ ယင်းသို့ဆောင်ရွက်နိုင်ရန်လိုအပ်သော ထိုက်သင့်သည့် အခကြေးငွေများကိုသာ ပေးသွင်းရမည်ဖြစ်ပါသည်။
  • ယင်းသို့ပေးသွင်းရာတွင်လည်း မည်သည့်ငွေကြေးကုန်ကျမှုမှ ထပ်မံမလိုအပ်ဘဲ တရားဝင်သတ်မှတ် ထားသည့် အခကြေးငွေကိုသာ သတ်မှတ်ပေးသည့် Account သို့ Online မှတစ်ဆင့် ငွေပေးသွင်း ရမည်ဖြစ်ပါသည်။
  • သို့ဖြစ်ပါ၍ မီတာတပ်ဆင်လိုသူ မိဘပြည်သူများအနေဖြင့် www.moee.gov.mm သို့ ဝင်ရောက်၍ လျှောက်ထားနိုင်ပါကြောင်းနှင့် ယင်းသို့လျှောက်ထားရာတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ သတ်မှတ်ချက်များနှင့်ကိုက်ညီပါက အမြန်ဆုံး မီတာတပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း အသိပေး ကြေညာအပ်ပါသည်။

 

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

30-Jul-2026