




နေပြည်တော် စက်တင်ဘာ ၂၇
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် တရားမဝင် ဓာတ်အားခိုးယူသုံးစွဲမှုများကို စဉ်ဆက် မပြတ် စောင့်ကြည့်စစ်ဆေးဖော်ထုတ်လျက်ရှိရာ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း၊ ရုံးချုပ်၊ ခရိုင်၊ မြို့နယ် ပါဝင်သော အဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးစဉ် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက် နေ့ တွင် စမ်းချောင်းမြို့နယ်၊ သီရိခေမာရပ်ကွက်၊ ခတ္တာလမ်း၊ အမှတ်(၂၃) ၊ ရွိုင်ရယ်ခတ္တာဟိုတယ် သည် လျှပ်စစ်မီးခိုးယူသုံးစွဲထားကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် မီတာအား ချက်ခြင်းဖြုတ်ယူသိမ်းဆည်းခဲ့ပြီး နိုင်ငံတော်မှနစ်နာဆုံးရှုံးခဲ့သည့် ကျပ် ၁၃၈.၂၃၆ သန်းကို ပြန်လည်ပေးသွင်းစေရေးနှင့် လျှပ်စစ်ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်နိုင်ရန် ပိုင်ရှင်ဖြစ်သူ ဦးထက်အောင်လှိုင် ၊ ဦးကျော်ခိုင် တို့နှင့် မန်နေဂျာ ဦးနေမင်းအောင် တို့အား စမ်းချောင်းမြို့မရဲစခန်းတွင် အမှုအမှတ် (ပ-၃၉၉/၂၀၂၆) ဖြင့် အမှုဖွင့်လှစ် ဆောင်ရွက်ထားရှိပြီးဖြစ်ပါသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနရှိ Control Center များ၏ နည်းပညာအဆင့်မြှင့်တင်လာနိုင် သည့်အတွက် လျှပ်စစ်ဓာတ်အားခိုးယူသုံးစွဲမှုများ ပိုမိုဖော်ထုတ်လာနိုင်သည်နှင့်အမျှ လျှပ်စစ်ဓာတ်အား မရရှိသေးသည့် ပြည်သူများအား ပိုမိုတိုးမြှင့်ဖြန့်ဖြူးပေးနိုင်လျက်ရှိပါသည်။ ပြည်သူများအနေဖြင့်လည်း လျှပ်စစ်ဓာတ်အားကို စည်းကမ်းတကျသုံးစွဲကြရန်နှင့် ဓာတ်အားခိုးယူသုံးစွဲမှုများတွေ့ရှိပါက Call Center များသို့ ဆက်သွယ်သတင်းပေးခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ကြပါရန် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနက အသိပေးကြေညာအပ်ပါသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန