The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

အကြမ်းဖက်သောင်းကျန်းသူများ၏ တိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည့် မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်ရှိ ၃၃/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ဆောင်နိုင်ကြီး ဓာတ်အားခွဲရုံမှ ဓာတ်အားပြန်လည်ဖြန့်ဖြူးပေးနေသည့်အခြေအနေအား သတင်းထုတ်ပြန်ခြင်း

၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၂၂

   အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများကို အနှောင့်အယှက်ဖြစ်စေရန်၊ အရပ်သားပြည်သူများအား ကြောက်ရွံ့ထိတ်လန့်မှုများ ဖြစ်ပေါ်စေရန်နှင့် လမ်း၊ တံတားများအား ဖောက်ခွဲဖျက်ဆီးခြင်း၊ ဌာနဆိုင်ရာအဆောက်အအုံများနှင့် လူနေထိုင်ရာရပ်ကွက်၊ ကျေးရွာများအတွင်းသို့ ရှော့တိုက်ဒုံးများ၊ လက်နက်ကြီးများဖြင့် နှောင့်ယှက် ပစ်ခတ်တိုက်ခိုက်ခြင်း၊ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့ခြင်းများကို ဥပဒေမဲ့ ယုတ်မာရိုင်း စိုင်းစွာကျူးလွန်လျက်ရှိကြပြီး စက်တင်ဘာလ ၃၀ ရက်၊ ညသန်းခေါင်အချိန်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဆောင်နိုင်ကြီးဓာတ်အားခွဲရုံ ဓာတ်အားထိန်းချုပ်ခန်း (Control Room)ပေါ်သို့ အကြမ်းဖက်သောင်းကျန်းသူများက Drop Bomb ၂ လုံးဖြင့် ပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် ဆောင်နိုင်ကြီး ခွဲရုံမှ ဓာတ်အားပေးထားသော ဆောင်နိုင်ကြီး၊ မဲရုံးကြီး၊ မဲရုံးလေးနှင့် ဝင်းကလောကျေးရွာများတွင် ဓာတ်အားပြတ်တောက်ခဲ့ပါကြောင်း သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

   အဆိုပါ ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် ၃၃ ကေဗွီ ဆောင်နိုင်ကြီးဓာတ်အားခွဲရုံအား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများသည် ဒေသခံပြည်သူလူထုနှင့် ပူးပေါင်းပြီး ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်တွင် ဗုံးစထိမှန်ပျက်စီးခဲ့သော Control Room အတွင်း ဆက်သွယ်ထားသည့် ၃၃ ကေဗွီနှင့် ၁၁ ကေဗွီ ထိန်းချုပ် (Control) ကေဘယ်လ်ကြိုးများ၊ ၁၁ ကေဗွီ Station ဖီဒါရှိ Power Cable များကို ပြန်လည်ပြုပြင်ခြင်း၊ လိုအပ်သောပစ္စည်းများ အသစ် အစားထိုး ပြုပြင်တပ်ဆင်ခြင်းများနှင့် အဆောက်အဦးအတွင်း ထိခိုက်ပျက်စီးမှုများကို ပြုပြင်ခြင်းများဆောင်ရွက်ခဲ့ရာ ဆောင်ရွက်ပြီးစီးခဲ့ပြီး ဆောင်နိုင်ကြီး၊ မဲရုံးကြီး၊ မဲရုံးလေးနှင့် ဝင်းကလောကျေးရွာများတွင် ယင်းနေ့ ညနေပိုင်းတွင် ပုံမှန်အတိုင်း ဓာတ်အားပြန်လည်ဖြန့်ဖြူး ပေး နိုင်ခဲ့ပြီးဖြစ်ပါကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သတင်းရရှိပါသည်။

22-Oct-2026