The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်မှ မြန်မာနိုင်ငံဆိုင်ရာ လစ်သူယေးနီးယားနိုင်ငံ သံအမတ်ကြီး H.E. Ms. Ina Marciulionyte အား လက်ခံတွေ့ဆုံဆွေးနွေး

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက်

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် မြန်မာနိုင်ငံဆိုင်ရာ လစ်သူယေးနီးယားနိုင်ငံ သံအမတ်ကြီး H.E. Ms. Ina Marciulionyte အား ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့၊ ၁၅:၃၀ နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

          ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးမှ မြန်မာနိုင်ငံ၊ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍတွင် လစ်သူယေးနီးယားနိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုများကို ဖိတ်ခေါ်ပါကြောင်း၊ ဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ နည်းပညာနှင့် အရည်အသွေးမြှင့်တင်နိုင်ရေးအတွက် သင်တန်းများ၊ ပညာသင်ဆု များ ပံ့ပိုးပေးရန်ကိစ္စရပ်များနှင့် နှစ်နိုင်ငံအကြား ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍတွင် ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါသည်။

          အဆိုပါတွေ့ဆုံပွဲသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရေနံနှင့်သဘာဝဓာတ်ငွေ့စီမံရေးဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြပါသည်။

Post under by : ဝန်ကြီးရုံး
07-Dec-2018