The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်သွားမည် ဖြစ်ပါသဖြင့် ဓာတ်အားပြတ်ဧရိယာများကို ကြိုတင်အသိပေးပန်ကြားခြင်း

          မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ရွှေစာရံပင်မဓာတ်အားခွဲရုံအတွင်း 230/33/11 kV, 100 MVA Transformer တိုးချဲ့တပ်ဆင်ခြင်းလုပ်ငန်းဆောင်ရွက် ပြီးစီးပြီဖြစ်၍ ဓာတ်အားဖြန့်ဖြူးနိုင်ရန် အတွက် 33kV Main Bus တွင် Bus Coupler D/S တပ်ဆင်ခြင်းလုပ်ငန်းကို ၂၉-၁၁-၂၀၁၉ ရက်နေ့၊ နံနက် (၀၈:၀၀)နာရီမှ (၁၂:၀၀) နာရီအထိ 230/33/11 kV, 60 MVA Transformer 33 kV Feeder (1,2,3,4,5,6)တို့အား ဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်မည်ဖြစ်သဖြင့် ဓာတ်အားပိတ်လုပ်ငန်းဆောင်ရွက်နေစဉ်အချိန်တွင် အောက်ဖော်ပြပါအတိုင်း ဓာတ်အားပြတ်တောက်မည်ဖြစ်ပါကြောင်း  အများပြည်သူသို့ လေးစားစွာဖြင့် ကြိုတင်အသိပေးပန်ကြားအပ်ပါသည်-

          (က)    ဖီဒါ (၁)         စဉ့်ကိုင်မြို့နယ်၊ မီးသွေးဘုတ်ခွဲရုံနှင့် ရွှေလှံဘိုမြစ်ရေတင်

          (ခ)     ဖီဒါ (၂)           ကျောက်ချောခွဲရုံ၊ ပုသိမ်ကြီးမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်

          (ဂ)     ဖီဒါ (၃)         ချမ်းမြသာစည်မြို့နယ်

          (ဃ)    ဖီဒါ (၄)         ပြည်ကြီးတံခွန်မြို့နယ်

          (င)     ဖီဒါ (၅)         ပုသိမ်ကြီးမြို့နယ်၊ ကျောက်မီးခွဲရုံ

          (စ)     ဖီဒါ (၆)         ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာအိမ်ရာ

 

Post under by : မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(MESC)
28-Nov-2019