The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး(လျှပ်စစ်) ဦးခင်မောင်ဝင်း EVER SOURCE POWER Co., Ltd. မှ Managing Director ဖြစ်သူ ဦးသန်းထွေး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံဆွေးနွေး

၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ( ၁၈ )ရက်

              လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(လျှပ်စစ်) ဦးခင်မောင်ဝင်းသည် EVER SOURCE POWER Co., Ltd. မှ Managing Director ဖြစ်သူ ဦးသန်းထွေး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့၊ ၁၃:၀၀ နာရီအချိန်တွင် လျှပ်စစ် နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

              ထိုသို့တွေ့ဆုံရာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း LNG to Power Project အကောင် အထည်ဖော် ဆောင်ရွက်သွားနိုင်မည့်အခြေအနေ၊ စီမံကိန်းအတွက် Consortium ဖွဲ့စည်းထားရှိမှု၊ စီမံကိန်းဖြစ်မြောက်နိုင်စွမ်း လေ့လာမှုအခြေအနေ၊ စီမံကိန်းဖြစ်မြောက်နိုင်ရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများအား ဆွေးနွေးခဲ့ကြပါသည်။

          အဆိုပါတွေ့ဆုံပွဲသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သက်ဆိုင်ရာ ဌာနအကြီးအကဲများ နှင့် EVER SOURCE POWER Co., Ltd. မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

Post under by : ဝန်ကြီးရုံး
18-Feb-2020