The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး(လျှပ်စစ်) ဦးခင်မောင်ဝင်း အာရှဖွံ့ဖြိုးရေးဘဏ် (ADB) မှ Country Director ဖြစ်သူ Mr. Newin Sinsiri ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံဆွေးနွေး

၂၀၂၀ ပြည့်နှစ်၊ မတ်လ( )က်

              လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(လျှပ်စစ်) ဦးခင်မောင်ဝင်းသည် အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB) မှ Country Director ဖြစ်သူ Mr. Newin Sinsiri ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၈ ရက်နေ့၊ ၁၁:၃၀ နာရီအချိန်တွင် လျှပ်စစ် နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

              ထိုသို့တွေ့ဆုံရာတွင် ADB နှင့်လက်ရှိ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် Power Transmission Improvement Project နှင့် Power Network Project တို့နှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ ရှေ့ဆက် ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

          အဆိုပါ တွေ့ဆုံပွဲသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ သက်ဆိုင်ရာ ဌာနအကြီးအကဲများနှင့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

Post under by : ဝန်ကြီးရုံး
18-Mar-2020