The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ပြည်သူသို့ အသိပေး ပန်ကြားလွှာ

၁။          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အများပြည်သူများ ဓာတ်အားသုံးစွဲနိုင်ရန်အတွက် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလအတွင်းတွင် မဂ္ဂါဝပ် ၃၂၅၀ ခန့်အား ထုတ်လုပ်ပေးလျက်ရှိပါသည်။

၂။           ထို့ပြင် အများပြည်သူများ လျှပ်စစ်ဓာတ်အား ပိုမို တိုးတက်ဖြန့်ဖြူးနိုင်ရန်နှင့် ဓာတ်အား စနစ် ပိုမိုတည်ငြိမ်စွာ ထိန်းသိမ်းဆောင်ရွက်နိုင်ရန်အတွက် ၁၁၀၀ မဂ္ဂါဝပ်ထွက်ရှိမည့် ဓာတ်အားပေး စက်ရုံများ တိုးချဲ့ ဆောင်ရွက်လျက်ရှိရာ လက်ရှိတွင် အသစ် ထပ်မံတည်ဆောက်လျက်ရှိသည့် ဓာတ်အားပေးစက်ရုံများ အနက်မှ အလုံဓာတ်အားပေးစက်ရုံ (၁၅၀ မဂ္ဂါဝပ်) မှာ မကြာမီ ဆောင်ရွက် ပြီးစီးတော့မည်ဖြစ်၍ နိုင်ငံတော်ဓာတ်အားစနစ်ဖြင့် စမ်းသပ်ချိတ်ဆက်မောင်းနှင်နိုင်ရေး စီစဉ်လျက် ရှိပါသည်။

၃။          ထိုသို့ အလုံဓာတ်အားပေးစက်ရုံနှင့် နိုင်ငံတော်ဓာတ်အားစနစ်တို့ စမ်းသပ်ချိတ်ဆက် ဆောင်ရွက်ရသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ၁၅-၄-၂၀၂၀ ရက် (ဗုဒ္ဓဟူးနေ့) တွင် (၀၀:၃၀) နာရီမှ (၀၃:၀၀) နာရီအထိ ၆၆ ကေဗွီ တက္ကသိုလ်ခွဲရုံ၊ ကျိုက္ကဆံခွဲရုံ၊ ကုက္ကိုင်းခွဲရုံ၊ သီတာခွဲရုံ၊ ဟုံဟိုင်းခွဲရုံတို့မှ ဓာတ်အားပေးထားသည့် ကမာရွတ်မြို့နယ်၊ ရန်ကင်းမြို့နယ်၊ တာမွေမြို့နယ်၊ ဗဟန်းမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပုဇွန်တောင်မြို့နယ်၊ ဗိုလ်တထောင်မြို့နယ်၊ ပန်းပဲတန်းမြို့နယ်နှင့် ကျောက်တံတားမြို့နယ် တို့ရှိ ရပ်ကွက်အချို့၌လည်းကောင်း၊ ၂၀-၄-၂၀၂၀ ရက် (တနင်္လာနေ့) တွင် (၀၀:၃၀) နာရီမှ (၀၃:၀၀) နာရီ အထိ ၆၆ ကေဗွီ MEC ခွဲရုံ၊ Hospital Complex ခွဲရုံ၊ လွှတ်တော်ခွဲရုံ၊ သူရဲကောင်းခွဲရုံ၊ မော်တင်ခွဲရုံ၊ မီးရထားခွဲရုံအသစ်၊ မီးရထားခွဲရုံအဟောင်း၊ ဆင်မလိုက်ခွဲရုံ၊ ဟုံဟိုင်း ခွဲရုံတို့မှ ဓာတ်အား ပို့လွှတ် ထားသည့် ဒဂုံမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်၊ စမ်းချောင်းမြို့နယ်၊ ဗဟန်းမြို့နယ်၊ လမ်းမတော် မြို့နယ်၊ လသာမြို့နယ်၊ ပန်းပဲတန်းမြို့နယ်၊ ကျောက်တံတားမြို့နယ်၊ ဗိုလ်တထောင်မြို့နယ်၊ ကမာရွတ်မြို့နယ်နှင့် လှိုင်မြို့နယ်တို့ရှိ ရပ်ကွက်အချို့၌ လည်းကောင်း ဖော်ပြပါနေ့စွဲအလိုက် နေရာ များ၌ လျှပ်စစ်ဓာတ်အား ခေတ္တ ပြတ်တောက်နေမည်ဖြစ်ပါသည်။

၄။          သို့ဖြစ်ပါ၍ ဓာတ်အားပြတ်တောက်မှုကာလအတွင်း အဆင်မပြေမှုများရှိပါက နားလည် ခွင့်လွှတ်ပေးနိုင်ပါရန် ပြည်သူများအား အသိပေးပန်ကြားအပ်ပါသည်။

Post under by : ဝန်ကြီးရုံး
13-Apr-2020