The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ပြည်သူသို့ အသိပေးပန်ကြားလွှာ

၁။           လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အများပြည်သူနှင့် စက်မှုလက်မှုလုပ်ငန်းများ ဓာတ်အား သုံးစွဲမှုများအတွက် လစဉ်ဓာတ်အားခများကို သက်ဆိုင်ရာ မြို့နယ်ရုံးများတွင် ကောက်ခံ ဆောင်ရွက် လျက်ရှိပါသည်။

၂။            ၂၀၂၀ ပြည့်နှစ်၊ မတ်လအတွက် ကျသင့်သည့် လျှပ်စစ်မီတာခများကို ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ တွင် သတ်မှတ်မြို့နယ်ရုံးများ၌ မီတာခများအား (၂၀-၄-၂၀၂၀)၊ (၂၂-၄-၂၀၂၀)၊ (၂၄-၄-၂၀၂၀)၊ (၂၆-၄-၂၀၂၀) နှင့် (၂၈-၄-၂၀၂၀) တို့၌ နောက်ဆုံးထား၍ အသီးသီး ပေးသွင်းကြရန် မီတာဘေလ်များတွင် ရေးသားသတ်မှတ်ခဲ့ပါသည်။

၃။           လက်ရှိတွင် Coronavirus Disease 2019 (COVID-19) အား ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်ထားရှိသဖြင့် ကူးစက်မှုအား ထိန်းချုပ်နိုင်ရန် ဌာနမှ လာရောက် ပေးသွင်းသူများအား အပူချိန်တိုင်းတာခြင်း၊ လက်ဆေးရည်၊ လက်ဆေးကန်များ၌ ဆေးကြောစေခြင်း တို့အား ပြုလုပ်ရသဖြင့် အချိန်နှောင့်နှေးမှုဖြစ်ကာ လူစုလူဝေး ဖြစ်ပေါ်ခဲ့ရပါသည်။

၄။           ထို လူစုလူဝေးဖြစ်ပေါ်မှုကို အထိုက်အလျောက် လျော့နည်းစေရန်အတွက် ကျသင့်သည့် မီတာခများအား စာပိုဒ်(၂)ပါ သတ်မှတ်ရက်များအပြင် ၂၀၂၀ ပြည့်နှစ်၊ မေလ ၂၀ ရက်နေ့ အထိ နောက်ဆုံးထား ပေးသွင်းကြပါရန် အသိပေးကြေညာအပ်ပါသည်။

၅။         ထိုသို့ အပိုဒ်(၂)ပါ သတ်မှတ်ရက်များအတိုင်း ပေးသွင်းခြင်းမရှိခဲ့မှုအတွက် နောက်ကျကြေး ကောက်ခံခြင်း၊ လျှပ်စစ်မီးဖြတ်တောက်ခြင်းများ ပြုလုပ်မည် မဟုတ်ပါကြောင်း အသိပေးကြေညာအပ် ပါသည်။

၆။           ငွေလက်ခံကောင်တာများကို နေ့စဉ် (စနေ၊ တနင်္ဂနွေ) ပိတ်ရက်မရှိ ဖွင့်လှစ်လက်ခံသွား မည်ဖြစ်ပါသဖြင့် တတ်နိုင်သမျှ သတ်မှတ်ရက်များအတိုင်း လာရောက်ပေးသွင်းနိုင်ပါရန်နှင့် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလအတွက် ကျသင့်သည့် လျှပ်စစ်မီတာခ နောက်ဆုံးပေးသွင်းရမည့်ရက်ကိုလည်း ထပ်မံ ထုတ်ပြန် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း အသိပေးပန်ကြားအပ်ပါသည်။

Post under by : ဝန်ကြီးရုံး
20-Apr-2020