ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် အာဆီယံ စွမ်းအင်ဆိုင်ရာဗဟိုဌာန (ACE) တို့မှကြီးမှူး၍ ၂၀၂၀ ပြည့်နှစ်၊ စွမ်းအင်ထိရောက်စွာအသုံးပြုသော အဆောက်အအုံများ (Energy Efficient Building) ပြိုင်ပွဲ၊ အစိမ်းရောင်အဆောက်အုံ (Green Building) ပြိုင်ပွဲ၊ အဆောက်အအုံနှင့်စက်ရုံများ၏ အကောင်းဆုံးစီမံခန့်ခွဲမှုစနစ် (Energy Management) ပြိုင်ပွဲနှင့် ပြန်ပြည့်မြဲစွမ်းအင်စီမံကိန်းများ(Renewable Energy Projects) ပြိုင်ပွဲ များကို ကျင်းပမည်ဖြစ်ပြီး နိုင်ငံပိုင်ကဏ္ဍနှင့် ပုဂ္ဂလိကကဏ္ဍများမှ ပါဝင်ယှဉ်ပြိုင်နိုင်ပါကြောင်းနှင့် ၂၀၂၀ ပြည့်နှစ်ပြိုင်ပွဲအတွက် ပါဝင်ယှဉ်ပြိုင်လိုသူများသည် ရွေးချယ်စိစစ်ရေးအမျိုးသားကော်မတီ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၊ လှိုင်တက္ကသိုလ်ဝင်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့ (ဖုန်း - ၀၁-၅၁၉၆၇၃ ~ ၇၆ နှင့် ၀၁-၅၇၉၀၃၈) ၊ (ဖက်စ် - ၀၁-၅၁၉၆၈၁ နှင့် ၀၁-၆၆၅၁၉၃) တို့သို့ မိမိတို့ အဆောက်အအုံ/ လုပ်ငန်းစီမံကိန်း/ စက်ရုံ/ ရုံးဌာနတို့၏ အမည်၊ တည်နေရာ၊ လုပ်ငန်းသဘာဝ၊ ဆက်သွယ်ရန်ပုဂ္ဂိုလ်နှင့် ၎င်း၏လိပ်စာ၊ ဖုန်းနံပါတ်၊ ဖက်စ်နံပါတ်များဖော်ပြပြီး ၂၅-၃-၂၀၂၀ ရက်နေ့နောက်ဆုံးထား၍ ပါဝင်ယှဉ်ပြိုင်လိုကြောင်း အကြောင်းကြားစာရင်းပေးသွင်းနိုင်ရေး နိုင်ငံပိုင်သတင်းစာများ၌ ကြော်ငြာများထည့်သွင်းခဲ့ပါသည်။
ယခုအခါ လတ်တလောဖြစ်ပွားလျက်ရှိသော COVID -19 ကမ္ဘာ့ကပ်ရောဂါကြောင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သက်ဆိုင်ရာကဏ္ဍအလိုက် ပြိုင်ပွဲဝင်အဆိုပြုလွှာများပေးပို့ရမည့် နေ့ရက်ကို ၁-၆-၂၀၂၀ ရက်သို့ ACE မှ ပြောင်းလဲသတ်မှတ်ပါသဖြင့် မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းသို့ ပြိုင်ပွဲဝင်အဆိုပြုလွှာများ နောက်ဆုံးထားပေးပို့ရမည့်နေ့ရက်ကို ၂၂-၅-၂၀၂၀ သို့ ပြောင်းလဲသတ်မှတ်ပါကြောင်း အသိပေးအပ်ပါသည်။
ထပ်မံ၍ အသေးစိတ်သိရှိလိုသည်များရှိပါက ဦးအောင်သက်ပိုင်၊ မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်း (ဖုန်း - ၀၉-၄၄၄၈၉၉၆၉၉) သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။