The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ပြည်သူသို့ အသိပေးပန်ကြားလွှာ

၁။       လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အများပြည်သူများ ဓာတ်အားသုံးစွဲနိုင်ရန်အတွက် ၂၀၂၀ ပြည့်နှစ်၊ မေလအတွင်းတွင် မဂ္ဂါဝပ် ၃၅၃၂ ခန့်အား ထုတ်လုပ်ပေးလျက်ရှိပါသည်။

၂။       ထို့အပြင် အများပြည်သူများ လျှပ်စစ်ဓာတ်အားပိုမိုတိုးတက်ဖြန့်ဖြူးနိုင်ရန်နှင့် ဓာတ်အား စနစ်ပိုမိုတည်ငြိမ်စွာ ထိန်းသိမ်းဆောင်ရွက်နိုင်ရန်အတွက် ၁၁၆၆ မဂ္ဂါဝပ်ထွက်ရှိမည့်  ဓာတ်အား ပေးစက်ရုံများ တိုးချဲ့ဆောင်ရွက်လျက်ရှိရာ လက်ရှိတွင် အသစ်ထပ်မံတည်ဆောက်လျက်ရှိသည့် ဓာတ်အားပေးစက်ရုံများအနက်မှ သာကေတဓာတ်အားပေးစက်ရုံ (၄၀၀ မဂ္ဂါဝပ်) မှာ မကြာမီ ဆောင်ရွက်ပြီးစီးတော့မည်ဖြစ်၍ နိုင်ငံတော်ဓာတ်အားစနစ်ဖြင့် စမ်းသပ်ချိတ်ဆက်မောင်းနှင် နိုင်ရေးစီစဉ်လျက်ရှိပါသည်။

၃။       သို့ဖြစ်ပါ၍ သာကေတဓာတ်အားပေးစက်ရုံနှင့် နိုင်ငံတော်ဓာတ်အားစနစ်တို့ စမ်းသပ်ချိတ်ဆက် ဆောင်ရွက်ရမည်ဖြစ်သဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း (၁၀-၅-၂၀၂၀)ရက် (တနင်္ဂနွေနေ့) တွင် ၀၉:၀၀ နာရီမှ ၁၃:၀၀ နာရီအထိ ၃၃ ကေဗွီ မြင်တော်သာခွဲရုံ၊ သုမနခွဲရုံ၊ နဝရတ်ခွဲရုံ၊ ရှုခင်းသာခွဲရုံ၊ ဒေါပုံခွဲရုံ၊ Asia World (ဒဂုံမြောက်)ခွဲရုံနှင့် ဒဂုံတောင်ခွဲရုံ တို့မှ ဓာတ်အားပေးထားသည့် သာကေတ မြို့နယ်၊ ဒေါပုံမြို့နယ်နှင့် တောင်ဒဂုံမြို့နယ်တို့ရှိ ရပ်ကွက်အချို့၌လည်းကောင်း၊ စည်ပင်ပန်းဉယျာဉ် (Water Boom)၊ ဒဂုံမြောက်ရှိ ပုဂ္ဂလိကပိုင်စက်ရုံများ၊ တောင်ဒဂုံစက်မှုဇုန်ရှိ အချို့သော နေရာများ နှင့် မြင်တော်သာရှိ ပုဂ္ဂလိကပိုင်စက်ရုံတို့၌ (၄)နာရီခန့် လျှပ်စစ်ဓာတ်အားခေတ္တ ပြတ်တောက်နေ မည်ဖြစ်ပါသည်။

၄။       ထိုသို့ (၁၀-၅-၂၀၂၀) ရက် (တနင်္ဂနွေနေ့) ၌ ၀၉:၀၀ နာရီမှ ၁၃:၀၀ နာရီအထိ ဓာတ်အား ပိတ်စဉ်ကာလအတွင်း ဓာတ်အားပြတ်တောက်၍ လျော့နည်းသွားသော လျှပ်စစ်ဓာတ်အားကို ဓာတ်အားစနစ်၌ တည်ငြိမ်စေရန် အခြားခွဲရုံများကိုပါ ပေါင်းစပ်၍ ထိန်းညှိမောင်းနှင်ရမည် ဖြစ်ပါ သည်။ ထိုသို့ ထိန်းညှိမောင်းနှင်ရန် အခြားဓာတ်အားခွဲရုံများမှတဆင့် ဓာတ်အားများကို အဆင့်ဆင့် ပြန်လည်ပေးပို့ရမည်ဖြစ်ရာ ၎င်းဓာတ်အားအပိတ်/အဖွင့် ပြုလုပ်ချိန်အတွက် နာရီဝက်ခန့် ပြုလုပ်ရ မည်ဖြစ်ပါသည်။ သို့ပါ၍ မရမ်းကုန်း၊ လှိုင်၊ ရန်ကင်း၊ ဗဟန်း၊ တာမွေ၊ တောင်ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ ကျောက်တံတား၊ မင်္ဂလာတောင်ညွန့်၊ ပန်းပဲတန်း၊ အရှေ့ဒဂုံနှင့် တောင်ဒဂုံမြို့နယ်ရှိ ရပ်ကွက်အချို့/အိမ်ရာများ၌လည်း လျှပ်စစ်ဓာတ်အား နာရီဝက် ခန့် ပြတ်တောက်နေမည် ဖြစ်ပါသည်။

၅။       သို့ဖြစ်ပါ၍ သာကေတဓာတ်အားပေးစက်ရုံ (၄၀၀ မဂ္ဂါဝပ်) အား နိုင်ငံတော်ဓာတ်အားစနစ် နှင့် စမ်းသပ်ချိတ်ဆက်မောင်းနှင်နေစဉ် ဓာတ်အားပြတ်တောက်မှုကာလအတွင်း အဆင်မပြေမှု များရှိပါက နားလည် ခွင့်လွှတ်ပေးနိုင်ပါရန် ပြည်သူများအား အသိပေးပန်ကြားအပ်ပါသည်။

Post under by : ဝန်ကြီးရုံး
08-May-2020