The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ပြည်သူသို့ အသိပေးတင်ပြချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

ပြည်သူသို့ အသိပေးတင်ပြချက်

၁၃၈၂ ခုနှစ်၊ နယုန်လဆန်း    ၄     ရက်

(၂၀၂၀ ပြည့်နှစ်၊ မေ လ   ၂၅    ရက်)

၁။      Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီမှ (COVID – 19) ရောဂါပိုးကူးစက်ပျံနှံ့မှုကို ဆက်လက်ထိန်းချုပ် ဆောင်ရွက်ရန်လိုအပ်ပါသဖြင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ Coronavirus Disease 2019 (COVID – 19) ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးအတွက် (၁၅.၅. ၂၀၂၀) ရက်နေ့အထိ ထုတ်ပြန်ထားသော အမိန့်၊ အမိန့်ကြော်ငြာစာ၊ ပြည်သူသို့ ပန်ကြားချက်၊ ညွှန်ကြားချက်များ (ဖြေလျော့ပေးရန် လမ်းညွှန်ထားသော ကိစ္စရပ်များမပါ) အား (၃၁.၅.၂၀၂၀) ရက်နေ့အထိ ရက်တိုးမြှင့်သတ်မှတ်ဆောင်ရွက်သွားရန် ၂၀၂၀ ပြည့်နှစ်၊ မေလ (၁၃) ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပါသည်။

၂။          COVID -19 ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ပထမအကြိမ်တိုးမြှင့်ခဲ့သည့် မေလ (၁) ရက်နေ့မှ (၁၅) ရက်နေ့အထိကာလအတွင်း လျှပ်စစ်ဓာတ်အားသုံးစွဲမှု (၇၅) ယူနစ်အထိကို ငွေကြေးကောက်ခံမှု ကင်းလွတ်ခွင့် (အခမဲ့)ကို ၂၀၂၀ ပြည့်နှစ် ၊ မေလ (၆) ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

၃။         ယခုအခါ Coronavirus Disease 2019 (COVID – 19) ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေး အတွက် (၁၆.၅.၂၀၂၀) ရက်နေ့မှ (၃၁.၅.၂၀၂၀) ရက်နေ့အထိ ရက်တိုးမြှင့် သတ်မှတ်သည့်အတွက် မေလ (၁၆) ရက်နေ့မှ မေလ (၃၁) ရက်နေ့အထိ ကာလအတွင်း  လျှပ်စစ်ဓာတ်အားသုံးစွဲမှု (၇၅) ယူနစ်အထိ ဓာတ်အားခကျသင့်ငွေ ကင်းလွတ်ခွင့် (အခမဲ့) ကို ထပ်မံပေးသွားမည်ဖြစ်ပါသည်။ ၄။      သို့ပါ၍ ၂၀၂၀ ပြည့်နှစ် မေလ (၁) ရက်နေ့မှ မေလ (၃၁) ရက်နေ့အထိ ပြည်သူများ၊ ဘာသာရေးအဖွဲ့အစည်းများနှင့် ပြည်တွင်းလူမှုရေး အဖွဲ့အစည်းများ (သံရုံးများ၊ ကုလသမဂ္ဂ နှင့် နိုင်ငံတကာ အဖွဲ့အစည်းများ(မပါ)) အတွက် အိမ်သုံးအမျိုးအစား လျှပ်စစ်ဓာတ်အား သုံးစွဲမှု ၁ ယူနစ်မှ ၁၅၀ ယူနစ်ထိ စုစုပေါင်း(၁၅၀)ယူနစ်ကို ငွေကြေးကောက်ခံမှု ကင်းလွတ်ခွင့် (အခမဲ့) ရရှိမည်ဖြစ်ပါသည်။

၅။         အဆိုပါ ငွေကြေးကောက်ခံမှု ကင်းလွတ်ခွင့်(အခမဲ့) နှင့် ပတ်သက်၍ ပြည်သူများမှ ပေးဆောင်ရာတွင် ရှင်းလင်းစေရန်အတွက် အောက်ပါအတိုင်း တင်ပြအပ်ပါသည် - 

စဉ်

ဓာတ်အားသုံးစွဲသူ အမျိုးအစား

ဓာတ်အားခနှုန်းထား

ယူနစ်အလွှာ

ကျပ်

(က)

အိမ်သုံးအမျိုးအစား

  • နေအိမ်သုံး
  • အိမ်သုံးပါဝါ
  • တစ်လုံးတစ်ခဲတည်း (အိမ်သုံး)
  • စီးပွားရေးလုပ်ငန်း မပါသော ဘာသာ/ သာသနာ အဆောက်အအုံ

၁ မှ ၃၀

၃၅

၃၁ မှ ၅၀

၅၀

၅၁ မှ ၇၅

၇၀

၇၆ မှ ၁၀၀

၉၀

၁၀၁ မှ ၁၅၀

၁၁၀

၁၅၁ မှ ၂၀၀

၁၂၀

၂၀၁ နှင့် အထက်

၁၂၅

(ခ)

အိမ်သုံး မဟုတ်သည့် အမျိုးအစား

၁ မှ ၅၀၀

၁၂၅

 

  • စက်မှုလုပ်ငန်းများ

၅၀၁ မှ ၅၀၀၀

၁၃၅

 

  • စီးပွားရေးလုပ်ငန်းများ

၅၀၀၁ မှ ၁၀၀၀၀

၁၄၅

 

  • တစ်လုံး တစ်ခဲတည်း

၁၀၀၀၁-၂၀၀၀၀

၁၅၅

 

  • ယာယီသုံး

၂၀၀၀၁ မှ ၅၀၀၀၀

၁၆၅

 

  • လမ်းမီး

၅၀၀၀၁ မှ ၁၀၀၀၀၀

၁၇၅

 

  • အစိုးရရုံးဌာနအဖွဲ့အစည်းများ

၁၀၀၀၀၁ နှင့် အထက်

၁၈၀

 
  • နိုင်ငံပိုင် စက်မှုလုပ်ငန်းများ
  • နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ
  • မြစ်ရေတင်လုပ်ငန်း
  • စည်ပင်သာယာရုံးဌာန/လုပ်ငန်းများ
  • အစိုးရမဟုတ်သောအဖွဲ့အစည်းများ
  • နိုင်ငံခြားသံရုံးများ
  • နိုင်ငံတကာအဖွဲ့အစည်းများ
   


၆။           ငွေကြေးကောက်ခံမှုကင်းလွတ်ခွင့်(အခမဲ့) ခံစားခွင့်ရရှိသည့် ဓာတ်အားသုံးစွဲသူ အမျိုးအစားတွင် ဓာတ်အားခနှုန်းထားသတ်မှတ်ချက်ဇယား၏ စာပိုဒ် ၂ (က) အိမ်သုံးအမျိုးအစားဖြင့် လျှပ်စစ်မီးသုံးစွဲသူ ပြည်သူများအပြင် စာပိုဒ် ၂ (ခ) အိမ်သုံးမဟုတ်သည့် အမျိုးအစားတွင် ပါဝင်သော အစိုးရမဟုတ်သော အဖွဲ့အစည်းများအုပ်စုမှ ပြည်တွင်းလူမှုရေး အဖွဲ့အစည်းများသာ အကျုံးဝင် ပါသည်။

၇။           အကျုံးဝင်သော ကာလမှာ ၂၀၂၀ ပြည့်နှစ် ၊ မေလ (၁) ရက်နေ့မှ (၃၁) ရက်နေ့အထိ သုံးစွဲခဲ့သော လျှပ်စစ်ဓာတ်အားသုံးစွဲမှုများဖြစ်ပါသည်။ လျှပ်စစ်ဓာတ်အားသုံးစွဲမှု (၁) ယူနစ်မှ (၁၅၀) ယူနစ်အထိ သုံးစွဲသူများကို သုံးစွဲယူနစ်အလိုက် ဓာတ်အားခကျသင့်ငွေနှင့် မီတာဝန်ဆောင်ခ အပါ အဝင် ကင်းလွတ်ခွင့် (အခမဲ့) ရရှိမည်ဖြစ်ပါသည်။ (၁၅၁) ယူနစ်နှင့်အထက် သုံးစွဲသူများကို ယူနစ် (၁၅၀) အတွက် ဓာတ်အားခကျသင့်ငွေ (၁၁၅၅ဝိ/-) ကင်းလွတ်ခွင့် (အခမဲ့) ရရှိမည် ဖြစ်ပါသည်။

၈။           အိမ်သုံးအမျိုးအစား၌ လျှပ်စစ်မီးသုံးစွဲသူများမှ (၁၅၁) ယူနစ်နှင့်အထက် သုံးစွဲမှုများအား အလွှာလိုက်သတ်မှတ်ချက်နှုန်းထားများအတိုင်း ပေးဆောင်ရမည်ဖြစ်ပါသည်။ အထူးကိစ္စတစ်ရပ် အနေဖြင့် ကင်းလွတ်ခွင့်ပြုခဲ့သော အိမ်သုံးမဟုတ်သည့်အမျိုးအစားတွင် ပါဝင်သည့် အစိုးရမဟုတ် သော အဖွဲ့အစည်းများအုပ်စုမှ ပြည်တွင်းလူမှုရေး အဖွဲ့အစည်းများမှအပ ကျန်သုံးစွဲသူများ အားလုံး သည် ယခင်သတ်မှတ်နှုန်းထားများအတိုင်း ပေးဆောင်ရမည်ဖြစ်ပါသည်။  

၉။      လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ မီတာဖတ်စာရေးများသည် လစဉ်ဖတ်ရှုရမည့်ရက်များ အတိုင်းဖတ်ရှုမှတ်သား၍ဖြန့်ဝေရမည့် မီတာဘေလ်များကိုလည်း ပုံမှန်ဖြန့်ဝေကာ ၎င်းမီတာဘေလ် များ၌ သုံးစွဲသည့်ယူနစ်များအလိုက် ကင်းလွှတ်ခွင့် (အခမဲ့) ခံစားခွင့်ပြုမည့် ငွေပမာဏကို နှုတ်ပယ် သွားမည်ဖြစ်ပြီး ၎င်းမီတာဘေလ်များအား သုံးစွဲသူများမှ သိမ်းဆည်းထားရမည်ဖြစ်ပါသည်။

Post under by : ဝန်ကြီးရုံး
25-May-2020