နိုင်ငံတော်သမ္မတဦးဝင်းမြင့်သည် (၈.၈.၂၀၂၀) ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ကျင်းပပြုလုပ်သည့် ၂၃၀ ကေဗွီ နမ့်စန်-မိုင်းပျဉ်း-ကျိုင်းတုံ မဟာဓာတ်အားလိုင်း (၁၅၁.၈)မိုင်၊ ၂၃၀/၆၆/၁၁ ကေဗွီ (၁၀၀)အမ်ဗီအေ ကျိုင်းတုံပင်မ ဓာတ်အားခွဲရုံ၊ ၂၃၀/၆၆/၁၁ ကေဗွီ (၆၀)အမ်ဗွီအေ မိုင်းပျဉ်းပင်မ ဓာတ်အားခွဲရုံဖွင့်ပွဲနှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)သို့ နိုင်ငံတော် ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား စတင်ပို့လွှတ်ခြင်း အခမ်းအနားသို့ တက်ရောက် အဖွင့်အမှာစကား ပြောကြားပြီး စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပါသည်။
crd #MRTV