ကျိုင်းတုံ ဩဂုတ် ၈
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ယနေ့နံနက်ပိုင်းတွင် ၂၃၀ ကေဗွီ နမ့်စန် - မိုင်းပျဉ်း- ကျိုင်းတုံ မဟာဓာတ်အားလိုင်း(၁၅၁ ဒသမ ၈)မိုင်၊ ၂၃၀/၆၆/၁၁ ကေဗွီ ၁၀၀ အမ်ဗွီအေ ကျိုင်းတုံပင်မဓာတ်အားခွဲရုံ၊ ၂၃၀/၆၆/၁၁ ကေဗွီ ၆၀ အမ်ဗွီအေ မိုင်းပျဉ်းပင်မဓာတ်အားခွဲရုံ ဖွင့်ပွဲနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)သို့ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား စတင် ပို့လွှတ်ခြင်းအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ် မိန့်ခွန်းပြောကြားသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဦးအုန်းဝင်း၊ ဦးဝင်းခိုင်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်၊ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း၊ ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စား လှယ်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ဒေသခံ ပြည်သူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် နိုင်ငံတော်သမ္မတက မဟာဓာတ်အားလိုင်း၊ ပင်မဓာတ်အားခွဲရုံများ ဖွင့်ပွဲနှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)သို့ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား စတင်ပို့ လွှတ်ခြင်း အခမ်းအနား အဖွင့်မိန့်ခွန်း ပြောကြားသည်။
(နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ပြောကြားသည့် မိန့်ခွန်းအပြည့်အစုံကို သီးခြားဖော်ပြ ထား ပါသည်။)
ထို့နောက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံစီမံကိန်းများ ဆောင်ရွက်ခဲ့မှု အခြေအနေကို ရှင်းလင်းတင်ပြ သည်။
ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ တည်ဆောက်ရေးလုပ်ငန်းမှ ရရှိသော အကျိုးကျေးဇူးများကို ရှင်းလင်း တင်ပြသည်။
ထို့နောက် မြို့မိမြို့ဖ ဦးစိုင်းအောင်ခမ်းက ဒေသခံပြည်သူများကိုယ်စား ကျေးဇူးတင် စကား ပြန်လည်ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် ကျိုင်းတုံပင်မဓာတ်အားခွဲရုံအပေါ်ထပ် ရှုရပ် နေရာမှ ပင်မဓာတ်အားခွဲရုံ၏ Switch Yard အား ကြည့်ရှုသည်။
ထို့နောက် နိုင်ငံတော်သမ္မတ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်တို့သည် ကျိုင်းတုံပင်မဓာတ်အားခွဲရုံ Control Room သို့ ရောက်ရှိကြ ပြီး စက်ခလုတ်နှိပ်၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း)သို့ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ် အား စတင်ပို့လွှတ်ပေးကြသည်။
ယင်းနောက် ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်စွမ်းအင်နှင့်စက်မှုဝန်ကြီးတို့က ၂၃၀ ကေဗွီ နမ့်စန် - မိုင်းပျဉ်း - ကျိုင်းတုံ မဟာဓာတ်အားလိုင်း (၁၅၁ ဒသမ ၈)မိုင်၊ ၂၃၀/၆၆/၁၁ ကေဗွီ ၁၀၀ အမ်ဗွီအေ ကျိုင်းတုံပင်မဓာတ်အားခွဲရုံ၊ ၂၃၀/၆၆/၁၁ ကေဗွီ ၆၀ အမ်ဗွီအေ မိုင်းပျဉ်းပင်မ ဓာတ်အားခွဲရုံဖွင့်ပွဲနှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)သို့ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ် ဓာတ်အား စတင်ပို့လွှတ်ခြင်း အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်တို့က ၂၃၀/၆၆/၁၁ ကေဗွီ ၁၀၀ အမ်ဗွီအေ ကျိုင်းတုံပင်မဓာတ် အားခွဲရုံ ကမ္ပည်းကျောက်စာကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးကြပြီး အမွှေးနံ့သာရည် ပက်ဖျန်း ပေးကြသည်။
ဖွင့်ပွဲအခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတသည် တက်ရောက်လာကြသည့် ဒေသခံ ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။