The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

ပြည်သူသို့ အသိပေးတင်ပြချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

ပြည်သူသို့ အသိပေးတင်ပြချက်

၁၃၈၂ ခုနှစ်၊ ဝါခေါင်လဆန်း ၁ ရက်

(၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ  ၁၉  ရက်)

၁။      လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် COVID – 19 ရောဂါကာကွယ်ထိန်းချုပ်ရေး တိုးမြှင့်ခဲ့သည့် ဇူလိုင်လ (၁)ရက်နေ့မှ ဇူလိုင်လ(၁၅)ရက်နေ့အထိ (၇၅) ယူနစ်အတွက် ဓာတ်အားခ ကျသင့်ငွေ ကင်းလွတ်ခွင့် (အခမဲ့) ကို ၁၀-၇-၂၀၂၀ ရက်နေ့တွင် ခွင့်ပြုခဲ့ပြီးဖြစ်ပါသည်။

၂။            ထပ်မံ၍ ဇူလိုင်လ (၁၆)ရက်နေ့မှ ဇူလိုင်လ (၃၁)ရက်နေ့ အထိ (၇၅)ယူနစ်အတွက် ဓာတ်အားခ ကျသင့်ငွေကိုလည်း ၁၈-၈-၂၀၂၀ ရက်နေ့တွင်  ကင်းလွတ်ခွင့် (အခမဲ့) ပေးခဲ့ပြီး ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ဇူလိုင်လ (၁)ရက်နေ့မှ (၃၁)ရက်နေ့အထိ (၁၅၀) ယူနစ်အား ဓာတ်အားခ ကျသင့်ငွေ ကင်းလွတ်ခွင့် (အခမဲ့) ရရှိမည် ဖြစ်ပါသည်။

၃။           ဇူလိုင်လအတွက် ဓာတ်အားခတောင်းခံလွှာပေးဝေရာ၌ ဇူလိုင်လ(၁)ရက်နေ့မှ ဇူလိုင်လ (၁၅)ရက်နေ့အထိ (၇၅) ယူနစ်အတွက် ဓာတ်အားခကျသင့်ငွေကိုသာ ကင်းလွတ်ခွင့် (အခမဲ့) အဖြစ် ဓာတ်အားခတောင်းခံလွှာတွင် ရေးသွင်းတောင်းခံခဲ့ပါသည်။

၄။           သို့ဖြစ်ပါ၍ ကျန်ရှိခဲ့သော ဇူလိုင်လ(၁၆)ရက်နေ့မှ ဇူလိုင်လ(၃၁)ရက်နေ့အထိ အခမဲ့ ရရှိသည့် (၇၅) ယူနစ်အတွက် ဓာတ်အားခကျသင့်ငွေ ကင်းလွတ်ခွင့် (အခမဲ့) ကို သြဂုတ်လမှ စတင်၍  ဓာတ်အားခတောင်းခံလွှာများတွင် လစဉ် စာရင်းညှိခုနှိမ်သွားမည်ဖြစ်ပါကြောင်း အသိပေး တင်ပြအပ်ပါသည်။

 

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

Post under by : ဝန်ကြီးရုံး
19-Aug-2020