The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ပြည်သူသို့အသိပေးပန်ကြားလွှာ

ပြည်သူသို့အသိပေးပန်ကြားလွှာ

၁။            လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် နှင့် ပြည်သူများ လျှပ်စစ်ဓာတ်အားရရှိသုံးစွဲနိုင်ရေးတို့အတွက် ပြည်သူများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင် များမှ အိမ်သုံးမီတာများ၊ စက်မှုသုံးမီတာများနှင့် ထရန်စဖော်မာများ လျှောက်ထားလာမှုအပေါ် စိစစ်မှုများပြုလုပ်ကာ ဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် အချက်အလက်များနှင့် ကိုက်ညီမှု ရှိပါက ခွင့်ပြုမိန့်များကို ဆောလျင်စွာဆောင်ရွက်ပေးလျက်ရှိပါသည်။

၂။         သို့ရာတွင် အချို့ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပြည်သူများသည် အိမ်သုံးမီတာများ၊ စက်မှုသုံးမီတာများနှင့်ထရန်စဖော်မာများကို လျှောက်ထားရာတွင် ကြားခံပွဲစားများဖြင့် ဆောင်ရွက် နေမှုများကြောင့် ပြည်သူများအနေဖြင့် ယုံကြည်စိတ်ချ အာမခံမှုမရှိဘဲ ငွေကုန်ကြေးကျမှုများ ရှိနေသည်ဟု သိရှိရပါသည်။

၃။        သို့ဖြစ်ပါ၍ အိမ်သုံးမီတာများ၊စက်မှုသုံးမီတာများနှင့်ထရန်စဖော်မာများကို လျှောက်ထား ရာတွင် သက်ဆိုင်ရာ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး / ခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံးများသို့ တိုက်ရိုက် စုံစမ်းလျှောက်ထားနိုင်ပါကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။

 

 

                                                                                            လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

Post under by : ဝန်ကြီးရုံး
21-Aug-2020