၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ( ၇ ) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(လျှပ်စစ်) ဦးခင်မောင်ဝင်းသည် ကမ္ဘာ့ဘဏ် အဖွဲ့ (The World Bank) နှင့် Chinese Working Group တို့အား ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၇) ရက်နေ့၊ ၁၀:၀၀ နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ အစည်း အဝေးခန်းမ၌ Virtual Meeting ဖြင့် လက်ခံတွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ထိုသို့ဆွေးနွေးရာတွင် မြန်မာ−တရုတ် (၂) နိုင်ငံအကြား ဆောင်ရွက်လျက်ရှိသည့် နိုင်ငံ ဖြတ်ကျော် ဓာတ်အားလိုင်းစီမံကိန်း ဖြစ်မြောက်နိုင်စွမ်းလေ့လာမှုအခြေအနေများ၊ စီမံကိန်းနှင့် စပ်လျဉ်း သည့် Technical ပိုင်း၊ Commercial ပိုင်း၊ Environmental ပိုင်းဆိုင်ရာ ကိစ္စရပ်များနှင့် ရှေ့ဆက်လက် ဆောင်ရွက်သွားမည့်ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါ အစည်းအဝေးသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သက်ဆိုင်ရာ ဌာနအကြီးအကဲများ၊ ကမ္ဘာ့ဘဏ်အဖွဲ့ (The World Bank) နှင့် Chinese Working Group တို့မှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြပါသည်။