The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

ကျောက်ဖြူမြို့နယ်ရှိ ကျေးရွာ ၁၁ ရွာ ၂၄ နာရီ လျှပ်စစ်မီး ထပ်မံရရှိ

                 လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ကျောက်ဖြူမြို့နယ်ရှိ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းက ၂၀၁၉−၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်နယ်အစိုးရ ရန်ပုံငွေဖြင့် တာဝန်ယူ တည်ဆောက်ခဲ့သော ကျောက်ဖြူမြို့နယ်အတွင်း လျှပ်စစ်မီး ပို့လွှတ်ပေးရန် ကျေးရွာ ၁၉ ရွာအနက်မှ ယခုအခါ ကျေးရွာ ၁၁ ရွာ လျှပ်စစ်မီး ရရှိပို့လွှတ် ပေးထားပြီး ဖြစ် ကြောင်း၊ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း လျှပ်စစ်အင်ဂျင်နီယာ ဦးချမ်းမြေ့အောင် ထံမှ သိရသည်။

                 ကျောက်ဖြူမြို့နယ် ကျေးရွာ ၁၁ ရွာ လျှပ်စစ်မီးရရှိပြီး ကျေးရွာများမှ အလယ်ရွာ သစ်ရွာ၊ ရေမျက်ရွာ၊ တန်းဆောင်းကျေးရွာ၊ မင်းရပ်ရွာ၊ ကျောက်ကလေရွာ၊ ဝမျှောင်ရွာ၊ စနဲမင်းပြင်ရွာ၊ တောင်ရှည်ရွာ၊ ပေါက်ပြင်ရွာ၊ ဘယာကျေးရွာတို့ဖြစ်ကာ ၎င်းလျှပ်စစ်မီးရရှိပြီး ကျေးရွာများသို့ ခရိုင်လျှပ်စစ်ရုံးမှ တာဝန်ရှိသူများနှင့် မြို့နယ် လျှပ်စစ်ရုံးမှ တာဝန်ရှိသူများပူးပေါင်း၍ လျှပ်စစ်နှင့်သက်ဆိုင်သော လူထုပညာပေး ဟောပြောခြင်းများအပါအဝင် လျှပ်စစ်အန္တရာယ် ကင်းဝေးစေရန် လက်ကမ်း စာစောင်များ အခမဲ့ဖြန့်ဝေပေးလျက်ရှိပြီး ကျန်ရှိသော ကျေးရွာများသို့ လျှပ်စစ်မီး သတ်မှတ်ချိန် ပို့လွှတ် ပေးနိုင်ရန် တာဝန်ရှိသူတို့က မြေပြင်ကွင်းဆင်းကာ ကြပ်မတ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

Post under by : ဝန်ကြီးရုံး
09-Oct-2020