The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှခေါ်ယူသောအငယ်တန်းအင်ဂျင်နီယာ ( ၂ ) ရာထူး ရေးဖြေစာမေးပွဲ အောင်မြင်သူများအား Online မှတဆင့် လူတွေ့ စစ်ဆေးမှုပြုလုပ်မည့်နေ့ရက် ကြေညာခြင်း

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း

ကြော်ငြာစာအမှတ်( ၄/၂၀၂၀ )

၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁၅ ရက်

လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှခေါ်ယူသောအငယ်တန်းအင်ဂျင်နီယာ ( ) ရာထူး ရေးဖြေစာမေးပွဲ အောင်မြင်သူများအား Online မှတဆင့် လူတွေ့ စစ်ဆေးမှုပြုလုပ်မည့်နေ့ရက် ကြေညာခြင်း

၁။            လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၏ (၃.၆.၂၀၂၀) ရက်စွဲပါကြေငြာစာအမှတ်( ၁ / ၂၀၂၀ )ဖြင့်  ကြော်ငြာခေါ်ယူခဲ့သည့်  အငယ်တန်းအင်ဂျင်နီယာ(  ၂  )ရာထူး ( ၉၃ )နေရာအတွက် (၁၆.၈.၂၀၂၀)ရက်နေ့တွင် ရေးဖြေစာမေးပွဲကျင်းပပြုလုပ်ခဲ့ပြီး ၊ ရေးဖြေစာမေးပွဲအောင်မြင်သူများ စာရင်းအား (၉.၁၀.၂၀၂၀)ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ထည့်သွင်းကြော်ငြာပေးခဲ့ပြီး ဖြစ်ပါသည်။

၂။            အဆိုပါ ရေးဖြေစာမေးပွဲအောင်မြင်သူများကိုယ်တိုင်အဆိုပြုတင်ပြခဲ့သည့် ရန်ကုန်/ မန္တလေး အပါအဝင် တိုင်းဒေသကြီး / ပြည်နယ်များအလိုက် လူတွေ့စစ်ဆေးမည့်နေ့ရက်မှာ အောက်ဖော်ပြပါ အတိုင်းဖြစ်ပါသည်-

           စဉ်                  နေ့ရက်                  လူတွေ့စစ်ဆေးမှုပြုလုပ်မည့်နေရာ                    ဦးရေ

            က)        ၂၄.၁၀.၂၀၂၀(စနေနေ့)                      မန္တလေး                                          ၃၃ ဦး

             ခ)        ၂၅.၁၀.၂၀၂၀(တနင်္ဂနွေနေ့) ရန်ကုန်(၂၈)/ တနင်္သာရီ(၁)/ ကရင်(၂)                  ၃၁ ဦး

            ဂ)         ၂၆.၁၀.၂၀၂၀(တနင်္လာနေ့) စစ်ကိုင်း(၂၆)၊ကချင်(၁)၊ရှမ်း(တ)(၃)                     ၃၀ ဦး

          ဃ)          ၂၇.၁၀.၂၀၂၀(အင်္ဂါနေ့)   မကွေး(၁၃)၊မွန်(၆)၊ပဲခူး(ရ)(၅)၊ပဲခူး(န)(၄)                ၂၈ ဦး

           င)          ၂၈.၁၀.၂၀၂၀(ဗုဒ္ဓဟူးနေ့) နေပြည်တော်(၈)၊ဧရာဝတီ(၃)၊ကယား(၂)၊ချင်း(၉)      ၂၂ ဦး

၃။            Online မှတဆင့် လူတွေ့စစ်ဆေးမှုခံယူမည့်သူများသည် မိမိတို့အဆိုပြုတင်ပြခဲ့သည့် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပို ရေးရှင်း ၊ တိုင်းဒေသကြီး/ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံးများသို့ ဖြေဆိုရမည့်နေ့ရက်(၀၉:၀၀) နာရီအရောက် ရောက်ရှိသတင်းပို့ရန်ဖြစ်ပါသည်။ လူတွေ့စစ်ဆေးမှုခံယူမည့်သူများသည် အမျိုးသား များ စတစ်ကော်လံ ရှပ်အင်္ကျီအဖြူ လက်ရှည်/ပုဆိုး နှင့် အမျိုးသမီးများ ရင်ဖုံးအင်္ကျီ လက်ရှည် / ထမီ တို့ကို သပ်ရပ်စွာ ဝတ်ဆင်လာရမည်ဖြစ်ပါသည်။

၄။            အသေးစိတ်သိရှိလိုပါက လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ၊ နေပြည်တော် ၊ ရုံးချုပ်၊ စီမံခန့်ခွဲရေးဌာန၊ ဖုန်း ၀၆၇-၈၁၀၄၂၂၁ သို့ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း

Post under by : လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း(ESE)
15-Oct-2020