၂၀၂၀ ပြည့်နှစ် ၊ အောက်တိုဘာလ ( ၁၉ ) ရက်
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ကျောက်ထုမြို့နယ်တွင် အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း (NEP Phase-1) ဖြင့် ၁၁ ကေဗွီဓာတ်အားလိုင်းနှင့် ထရန်စဖော်မာ တည်ဆောက် ပြီးစီး၍ ပန်းဆန်ကျေးရွာကို (၁၅.၁၀.၂၀၂၀) ရက်နေ့တွင် ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ပြီး၊ ယင်းကျေးရွာနှင့် ဆက်စပ်လျက်ရှိသော ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် မကွေးတိုင်းဒေသကြီး ခွင့်ပြု ရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် တေးကျေးရွာကို (၁၆.၁၀.၂၀၂၀) ရက်နေ့တွင်လည်းကောင်း၊ စံကျေးရွာကို (၁၇.၁၀.၂၀၂၀) ရက်နေ့တွင်လည်းကောင်း၊ သရက်ချဉ်ကျေးရွာ၊ နသိုကျေးရွာနှင့် အကြည်ပန်းပလွန်းကျေးရွာတို့ကို (၁၉.၁၀.၂၀၂၀) ရက်နေ့တွင်လည်းကောင်း နိုင်ငံတော် ဓာတ်အားစနစ်မှ ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ပြီး လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။ ဆက်လက်၍ ကျန်ရှိသောကျေးရွာများသို့ လျှပ်စစ်ဓာတ်အားပို့လွှတ်နိုင်ရေးအတွက် တာဝန်ရှိသူတို့က မြေပြင်ကွင်းဆင်းကာ ကြပ်မတ် ဆောင်ရွက်လျက်ရှိပါသည်။