၂၀၂၀ပြည့်နှစ် ၊ အောက်တိုဘာလ ( ၁၈ ) ရက်
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ မယ်ဇလီတန်း၊ သိမ်ကုန်း၊ မရိုးကုန်းနှင့် ရွှေပေးကျေးရွာတို့အား NEP Phase -1 စီမံကိန်းဖြင့် ဓာတ်အားရရှိမှုအတွက် မီးလင်းရေးအောင်ပွဲ အခမ်းအနားကို ၁၈.၁၀.၂၀၂၀ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပိုက်ကို၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမြမင်းဆွေ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်နီနီဝင်း၊ မကွေးတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးညိုလွင်အောင်၊ ပခုက္ကူမြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးစိုးဝေ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဝန်ထမ်းများနှင့် ကျေးရွာလူထုတို့ စုပေါင်း ဖွင့်လှစ်ခဲ့ကြပါသည်။
အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပိုက်ကိုမှ မီးလင်းရေးအောင်ပွဲ အမှတ်တရစကားပြောကြားခဲ့ပြီး ရွှေပေးကျေးရွာလူထုကိုယ်စား ဦးဟန်ဝင်းမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။ ပခုက္ကူမြို့နယ်တွင် NEP Phase-1 စီမံကိန်းဖြင့် ကျေးရွာ(၁၆) ရွာအား မီးလင်းရေးဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်ပါသည်။