The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့၊ ဖုန်ကုန်းကျေးရွာအုပ်စု၊ ဖုန်ကုန်းလမ်းဆုံတွင် မီးလင်းရေးအောင်ပွဲ ကျင်းပပြုလုပ်.

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ၁၉  )ရက်

               မန္တလေးတိုင်းဒေသကြီး၊ တကောင်းမြို့၊ ဖုန်ကုန်းကျေးရွာအုပ်စု၊ ဖုန်ကုန်းလမ်းဆုံတွင် ၂၀၁၉-၂၀၂၀ တိုင်းဒေသကြီးဘတ်ဂျက်အစီအစဉ်ဖြင့် တည်ဆောက်သော 11/0.4 kV, 100 kVA ထရန်စဖော်မာ မီးလင်းရေးအောင်ပွဲအား (၁၉.၁၀.၂၀၂၀) ရက်နေ့ (၁၇:၃၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

          အခမ်းအနားတွင် သပိတ်ကျင်းမြို့၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ်(၁) ဦးစိုးလွင်မှ ကျေးရွာများ မီးလင်းရေးအစီအစဉ်များနှင့် ဆောင်ရွက်နေမှုအခြေအနေများအား လည်းကောင်း၊ တကောင်းမြို့လျှပ်စစ်မန်နေဂျာ ဦးကျော်စိန်မင်းမှ လျှပ်စစ်မီးလင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးရသည့် ရည်ရွယ်ချက်နှင့် လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး လိုက်နာဆောင်ရွက်ရမည့် အချက်များအားလည်းကောင်း မီးသုံးသူပြည်သူများသို့ ရှင်းလင်း ပြောကြားကြပြီး ဖုန်ကုန်းကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းမြတ်နှင့် မီးလင်းရေး ကော်မတီ ဥက္ကဋ္ဌတို့မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။

          ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့လျှပ်စစ်မန်နေဂျာနှင့် ဖုန်ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့မှ ထရန်စဖော်မာ Breaker များဖွင့်၍ မီးလင်းပေး ခဲ့ပြီး မြို့လျှပ်စစ်မန်နေဂျာရုံး ဝန်ထမ်းများမှ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
19-Oct-2020