The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး (လျှပ်စစ်) ဦးခင်မောင်ဝင်း The World Bank မှ Lead Energy Specialist and Task Team Leader ဖြစ်သူ Mr. Sunil Kumar Khosla ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား Warp-up Meeting (Video Conferencing) ပြုလုပ်

၂၀၂၀ ပြည့်နှစ်၊ ​အောက်တိုဘာလ (  ၂၃  ) ရက်

               လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(လျှပ်စစ်) ဦးခင်မောင်ဝင်းသည်   The World Bank မှ Lead Energy Specialist and Task Team Leader ဖြစ်သူ Mr. Sunil Kumar Khosla ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၂၃) ရက်နေ့၊ ၁၅:၃၀ နာရီအချိန်တွင် ဒုတိယဝန်ကြီး၏ရုံးခန်း၌ Video Conferencing ဖြင့် တွေ့ဆုံပြီး Warp-up Meeting ပြုလုပ်ပါသည်။

               ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် The World Bank ၏ ပံ့ပိုးကူညီမှုဖြင့် ဆောင်ရွက်လျက် ရှိသည့် The Power System Efficiency and Resilience Project နှင့်ပတ်သက်၍ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနနှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းတို့နှင့် ဆက်လက် ပူးပေါင်း ဆောင်ရွက်မှုအခြေအနေများနှင့်စပ်လျဉ်းပြီး ဆွေးနွေးခဲ့ကြပါသည်။

          အဆိုပါတွေ့ဆုံပွဲသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သက်ဆိုင်ရာ ဌာနအကြီးအကဲများနှင့် The World Bank မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

Post under by : ဝန်ကြီးရုံး
23-Oct-2020