၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ( ၂၅ ) ရက်
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ကန်ဘဲ့ကျေးရွာတွင် အောက်တိုဘာလ ၂၅ ရက်၊ နံနက်(၉:၀၀)နာရီအချိန်၌ လျှပ်စစ်မီးလင်းရေးအောင်ပွဲ ကျင်းပပြုလုပ်သည်။ ကန်ဘဲ့ ကျေးရွာ လျှပ်စစ်မီးလင်းရေးအတွက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ PFI စနစ်ဖြင့် (315 kV) ထရန်စဖော်မာ တစ်လုံးနှင့် (11kV) ဓာတ်အားလိုင်း ၁.၅ မိုင်အား ဆောင်ရွက်ပေးခဲ့ပြီး ကျေးရွာနေ အိမ်ထောင်စု (၃၅၀) လျှပ်စစ်မီးအသုံးပြုနိုင်တော့မည်ဖြစ်ပါသည်။ လျှပ်စစ်မီးလင်းရေးဖွင့်ပွဲသို့ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်း၊ တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးဦး၊ မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးမျိုးမြင့်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ကြပြီး မီးလင်းရေးဖွင့်ပွဲ ဆိုင်းဘုတ် အား အမွှေးနံ့သာများ ပက်ဖျန်းကြသည်။ ရမည်းသင်းမြို့နယ် အတွင်း PFI စနစ်ဖြင့် ကျေးရွာ (၄၀) မီးလင်းနိုင်ရေးဆောင်ရွက်ခဲ့ရာ (၂၅.၁၀.၂၀၂၀)ရက်နေ့ထိ ကျေးရွာ(၂၇)ရွာ လျှပ်စစ်မီးလင်းနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရှိရသည်။