၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ( ၂၇ ) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(လျှပ်စစ်) ဦးခင်မောင်ဝင်း သည် စင်ကာပူနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၆ ရက်မှ ၃၀ ရက်အထိ ကျင်းပပြုလုပ်လျက်ရှိသော Singapore International Energy Week 2020 (SIEW 2020) သို့ နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇) မှ Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ပြီး၊ အဆိုပါ SIEW 2020 ဒုတိယမြောက်နေ့ အခမ်းအနားတွင် စင်ကာပူနိုင်ငံ၊ ဝန်ကြီးချုပ်ရုံး ဝန်ကြီး H.E. Dr. Tan See Leng နှင့် International Energy Agency ၏ Executive Director Dr. Fatih Birol တို့မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
ဒုတိယဝန်ကြီးသည် ယနေ့ဒေသစံတော်ချိန် နေ့လယ် ၁၄:၄၅ နာရီအချိန်တွင် SIEW 2020 ၏ ဒုတိယမြောက်နေ့အစီအစဉ်တစ်ခုဖြစ်သော 2nd Global Ministerial Conference on System Integration of Renewables “Developing Resilient and Flexible Power Systems” ခေါင်းစဉ်ဖြင့် ဆွေးနွေးသောစကားဝိုင်းတွင် ဟန်ဂေရီနိုင်ငံ၊ Ministry of Energy and Climate Affairs မှ Minister of State ဖြစ်သူ H.E. Dr Peter Kaderjak ၊ ဖင်လန်နိုင်ငံ Ministry of Economic Affairs and Employment မှ State Secretary ဖြစ်သူ H.E. Kimmo Tilikainen ၊ ဂျာမဏီနိုင်ငံ Ministry of Economic Affairs and Energy မှ Parliamentary State Secretary ဖြစ်သူ H.E. Elisabeth Winkelmeier-Becker ၊ ဂျပန်နိုင်ငံ Ministry of Economy, Trade and Industry မှ State Minister ဖြစ်သူ H.E. Yasumasa Nagasak ၊ လာအိုနိုင်ငံ Ministry of Energy and Mines မှ Deputy Minister ဖြစ်သူ H.E. Sinava Souphanouvong ၊ နော်ဝေနိုင်ငံ Ministry of Petrolem and Energy မှ State Secretary ဖြစ်သူ H.E. Tony Christian Tiller ၊ အမေရိကန်နိုင်ငံ Office of International Affairs, Department of Energy မှ Assistant Secretary ဖြစ်သူ H.E. Theodore J. Garrish ၊ အိန္ဒိယနိုင်ငံ Central Electricity Regulatory Commission (CERC) မှ Chairman ဖြစ်သူ Mr. Shri P.K. Pujari ၊ ထိုင်းနိုင်ငံ Electricity Generating Authority မှ Deputy Governor – Strategy ဖြစ်သူ Dr Jiraporn Sirikum ၊ GE Renewables မှ Chief Executive Officer ဖြစ်သူ Mr. Jerome Pecresse တို့နှင့်အတူ Panelist အဖြစ် တက်ရောက်ဆွေးနွေးခဲ့ပါသည်။
အဆိုပါစကားဝိုင်းတွင် သဘာဝဘေးအန္တရာယ်များ အပါအဝင် အခြား ရုပ်ပိုင်းဆိုင်ရာပြဿနာများ၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှု ရုတ်တရတ်ပြတ်တောက် ခြင်းနှင့် ဒစ်ဂျစ်တယ်ခြိမ်းခြောက်မှုများမှ တားဆီးကာကွယ်ရန်အတွက် လျှပ်စစ် ဓာတ်အားစနစ်၏ ကြံ့ခိုင်ကောင်းမွန်မှုနှင့် ပြုပြင်ပြောင်းလဲလွယ်မှု တိုးမြှင့်ခြင်း တို့၏အခန်းကဏ္ဍနှင့် နိုင်ငံတကာအတွေ့အကြုံများ၊ Clean Energy Resources များအား သုံးစွဲရာတွင် ဓာတ်အားစနစ် တည်ငြိမ်မှုရှိစေရေးအစီအမံများနှင့် အနာဂတ် Smart and Clean Energy စနစ်အတွင်း ဒစ်ဂျစ်တယ်နည်းပညာ၏ အရေးပါမှုများ၊ လက်ရှိရေနံဈေးနှုန်းကျဆင်းနေမှုကာလအတွင်းနှင့် ကိုဗစ်ကပ် ရောဂါအပြီးကာလတို့တွင် ပြန်ပြည့်မြဲစွမ်းအင်အားတိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများ၊ လျှပ်စစ်ဓာတ်အားစနစ်တွင် ပြန်ပြည့်မြဲစွမ်းအင်အသုံးပြုမှုကို တိုးမြှင့်နိုင်ရန်အတွက် လိုအပ်သော အခြေခံအဆောက်အအုံနှင့်နည်းပညာဆိုင်ရာ ရင်းနှီးမြှုပ်နှံများ၊ ဓာတ်အားစနစ်အတွင်း ပြန်ပြည့်မြဲစွမ်းအင် ထည့်သွင်းခြင်း ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများကို မြှင့်တင်ရာတွင် ပိုမိုထိရောက်စွာ ပူးပေါင်း ဆောင်ရွက်သွားရေး စသည်တို့ကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါသည်။