The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

မကွေးမြို့နယ် သမန္တလင်းကျေးရွာ လျှပ်စစ်မီးရရှိ

၂၀၂၀ ပြည့်နှစ် ၊ အောက်တိုဘာ (၃၁) ရက်

             အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း NEP Phase-1 ဖြင့် ဆောင်ရွက်နေ သည့် မကွေးမြို့နယ်၊ ဖုတ်ကုန်းကျေးရွာအုပ်စု ၊ သမန္တလင်းကျေးရွာ မီးလင်းရေးအောင်ပွဲကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ (၃၁)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။

          ကျေးရွာမီးလင်းရေးအောင်ပွဲကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်း ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးစိုးဌေးအောင် နှင့် ဖုတ်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်း၊ မီးလင်းရေးကော်မတီ ဥက္ကဌ ဦးသံချောင်း၊ မြို့နယ်လျှပ်စစ်ရုံး၀န်ထမ်းများနှင့် ကျေးရွာနေပြည်သူများ တက်ရောက်ကြသည်။ အခမ်းအနားတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆန်းမှ အမှာစကားပြောကြားပြီး၊ မကွေးမြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးစိုးဌေးအောင်က လျှပ်စစ်မီးလင်းရေးလုပ်ငန်း ဆောင်ရွက်ပေးခဲ့မှုနှင့် လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးကိစ္စရပ်များကို ရှင်းလင်းပြောကြားကာ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး ဝန်ထမ်းများက လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး ကျေးရွာရှိ အိမ်ခြေ(၆၀)ကျော် လျှပ်စစ်ဓာတ်အား ရရှိသုံးစွဲနိုင်မည် ဖြစ်ကြောင်း သိရှိရပါသည်။

Post under by : ဝန်ကြီးရုံး
01-Nov-2020