The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး (လျှပ်စစ်) ဦးခင်မောင်ဝင်း The World Bank မှ Lead Energy Specialist and Task Team Leader ဖြစ်သူ Mr. Sunil Kumar Khosla ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား National Electrification Project (NEP) ၏ Overall Progress နှင့်ပတ်သက်၍ Warp-up Meeting (Video Conferencing) ပြုလုပ်

နေပြည်တော်၊ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ၂၀  ) ရက်

        လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(လျှပ်စစ်) ဦးခင်မောင်ဝင်းသည်   The World Bank မှ Lead Energy Specialist and Task Team Leader ဖြစ်သူ Mr. Sunil Kumar Khosla ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၂၀) ရက်နေ့၊ ၁၀:၀၀ နာရီအချိန်တွင် ဒုတိယဝန်ကြီး၏ရုံးခန်း၌ Warp-up Meeting (Video Conferencing) ပြုလုပ်ဆွေးနွေးခဲ့ပါသည်။

        ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် The World Bank ၏ ပံ့ပိုးကူညီမှုဖြင့် ဆောင်ရွက်လျက်ရှိသည့် National Electrification Project-1 (NEP-1) ၏ ပထမအဆင့် (Phase I) အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုနှင့် ဆောင်ရွက်နေမှုအခြေအနေများ၊ ဒုတိယအဆင့် (Phase II) ဆောင်ရွက်မည့် အခြေအနေများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် National Electrification Project-2 (NEP-2) တို့နှင့် ပတ်သက်၍ဆွေးနွေးခဲ့ကြပါသည်။

        အဆိုပါတွေ့ဆုံပွဲသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သက်ဆိုင်ရာဌာနအကြီးအကဲများနှင့် The World Bank မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

Post under by : ဝန်ကြီးရုံး
20-Nov-2020