The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်တွင် တိုင်းဒေသကြီး ဘတ်ဂျက်အစီအစဉ်ဖြင့် ကျေးရွာ(၂)ရွာ ထပ်မံ၍ (၂၄)နာရီ မီးပေးနိုင်ခဲ့

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၂၃)ရက်

             မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ် ကြာကန်ကျေးရွာအုပ်စု ညောင်ရွာကြီး ကျေးရွာနှင့် လက်ပံဆိပ်ကျေးရွာအုပ်စု စိုက်ပျိုးရေး-တံခွန်တိုင်ကျေးရွာတို့အား တိုင်းဒေသကြီး ဘတ်ဂျက်အစီအစဉ်ဖြင့် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ထပ်မံ၍ (၂၄) နာရီ ဓာတ်အား ပေးနိုင်ခဲ့ပြီး အမျိုးသားဓာတ်အားရရှိရေး NEP Phase-1 အစီအစဉ်ဖြင့် လည်း ကျေးရွာ(၁၁)ရွာ ဓာတ်အားပေးနိုင်ခဲ့ပြီးဖြစ်ပါသည်။ အဆိုပါကျေးရွာ (၂)ရွာ မီးလင်းရေး ဖွင့်ပွဲအခမ်းအနားသို့ အမှတ် (၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးအောင်၊ ခရိုင်လျှပ်စစ်အင်ဂျင်နီယာ ဦးအောင်မြင့်ကျော်၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးနေမင်းထွဋ် နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့မှ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါသည်။

             ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း သရက်မြို့နယ်တွင် NEP Phase-1 စီမံကိန်းဖြင့် ကျေးရွာ (၁၁) ရွာရှိသည့်အနက် ကျေးရွာ(၁၁)ရွာလုံး ဓာတ်အားပေးနိုင်ခဲ့ပြီး တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ကျေးရွာ (၁၀) ရွာ၊ စုစုပေါင်း (၂၁) ရွာအား (၂၄)နာရီ လျှပ်စစ်မီး ထပ်မံပေးနိုင်ခဲ့ပါသည်။ မီးလင်းရန် ကျန်ကျေးရွာများကိုလည်း အမြန်ဆုံး ဓာတ်အားပေးနိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိပါသည်။

Post under by : ဝန်ကြီးရုံး
24-Nov-2020