The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်ဒေသတွင် PTTEP ၏ ရင်းနှီးမြှုပ်နှံမှုဖြင့် Integrated Domestic Gas to Power Project ကို စတင်ဆောင်ရွက်နိုင်ရန်အတွက် Notice to Proceed ပေးအပ်ခြင်းအခမ်းအနား ကျင်းပပြုလုပ်

နေပြည်တော်၊ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (  ၃၀  ) ရက်

 လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ် ဒေသတွင် ထိုင်းနိုင်ငံ၊ PTTEP ၏ ရင်းနှီးမြှုပ်နှံမှုဖြင့် Integrated Domestic Gas to Power Project ကို စတင် ဆောင်ရွက်နိုင်ရန်အတွက် Notice to Proceed ပေးအပ်ခြင်း အခမ်းအနားကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့၊ နံနက် ၀၉:၀၀ နာရီအချိန် တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၌ COVID-19 ကာကွယ်ရေး နည်းစနစ်များ နှင့်အညီ ကျင်းပပြုလုပ်ခဲ့ပါသည်။

        အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ဝင်းနှင့် ဒေါက်တာ ထွန်းနိုင်၊ အမြဲတမ်း အတွင်းဝန် ဦးသန်းဇော်နှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြပြီး PTTEP မှ အမှုဆောင်အရာရှိချုပ် မစ္စတာ ဖုန်စတွန်သာဗီစင် (Mr. Phongsthorn Thavisin) နှင့် ရန်ကုန်မြို့ရှိ PTTEP မှ တာဝန်ရှိသူများသည် Video Conferencing စနစ်ဖြင့် တက်ရောက် ကြပါသည်။

      ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က အမှာစကားပြောကြားရာ၌ ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်ဒေသတွင် ၅၉၂ မဂ္ဂါဝပ် သဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံကို ကမ်းလွန် Offshore Block ဖြစ်သော M-3(အောင်သိင်္ခ) နှင့် M-9 (ဇောတိကစီမံကိန်း) တို့မှ ထွက်ရှိမည့် သဘာဝဓာတ်ငွေ့ကို အသုံးပြု၍ Integrated Domestic Gas to Power Project အား ထိုင်းနိုင်ငံ၊ PTTEP ၏ ရင်းနှီးမြှုပ်နှံမှုဖြင့် IPP/BOT စနစ်ဖြင့် တည်ဆောက်မည်ဖြစ်ပါကြောင်း၊ ဓာတ်အားပေးစက်ရုံအတွက် လိုအပ်သော ဓာတ်ငွေ့ ပမာဏအား PTTEP ၏ ရှယ်ယာအများစုပိုင်ဆိုင်သော   M-3(အောင်သိင်္ခ)လုပ်ကွက်မှ ဧရာဝတီတိုင်း ဒေသကြီး ၊ ဒေါ်ငြိမ်း Control Station အထိ (၉၂) ကီလိုမီတာခန့်ကို ၁၆ လက်မ ရေအောက် ဓာတ်ငွေ့ပိုက်လိုင်းဖြင့်လည်းကောင်း၊ M-9 လုပ်ကွက် (ဇောတိကစီမံကိန်း)မှ ထွက်ရှိမည့် သဘာဝဓာတ်ငွေ့ကို တနင်္သာရီတိုင်း ဒေသကြီး၊ ကန်ပေါက် မှ ဒေါ်ငြိမ်း Control Station အထိ ကီလိုမီတာ(၃၀၀)ခန့်ကို     ၂၆ လက်မ ပင်လယ်ရေအောက်ဓာတ်ငွေ့ပိုက်လိုင်းဖြင့်လည်းကောင်း အသီးသီးပို့လွှတ်ပြီး၊ ၎င်းသဘာဝ ဓာတ်ငွေ့များကို ဒေါ်ငြိမ်း Control Station တွင် ပေါင်းဆုံ၍ ကျိုက်လတ် (Receiving Station) အထိ ကီလိုမီတာ (၇၀) ခန့်ကို ၂၆ လက်မ ကုန်းတွင်း ဓာတ်ငွေ့ပိုက်လိုင်းကို ကျိုက်လတ်(Receiving Station)သို့လည်းကောင်း ထိုမှတစ်ဆင့် ဓာတ်အားပေးစက်ရုံစီမံကိန်းအထိ နောက်ထပ်(၆)ကီလိုမီတာခန့်ကို ၁၆ လက်မ ဓာတ်ငွေ့ပိုက်လိုင်းတို့ဖြင့် အသီးသီးသွယ်တန်း၍ တည်ဆောက် သွားမည့်အပြင် Gas Receiving Station (၂)ခုကိုလည်း သတ်မှတ်နေရာများ၌ အသစ်ထပ်မံတည်ဆောက် သွားမည်ဖြစ်ပါကြောင်း၊ ၎င်းဓာတ်အားပေး စက်ရုံ စီမံကိန်းမှ ထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အားများကို နိုင်ငံတော်ဓာတ်အားစနစ်နှင့် ချိတ်ဆက်၍ ပို့လွှတ်ဖြန့်ဖြူး နိုင်ရန်အတွက် ၂၃၀ကေဗွီ ဓာတ်အား လိုင်းဖြင့် ကျိုက်လတ်မှ လှိုင်သာယာ ဓာတ်အားခွဲရုံအထိ ဓာတ်အားလိုင်းတည်ဆောက်သွားမည်ဖြစ်ပါကြောင်း၊ စီမံကိန်း၏ ရင်းနှီးမြှုပ်နှံ မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၂) ဘီလီယံခန့်ဖြစ်ပြီး၊ Notice to Proceed (NTP) ထုတ်ပေးပြီးနောက် ၂၀၂၄ ခုနှစ် ပထမ ၆ လအတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကာ စီမံကိန်း၏ လုပ်ကိုင်ခွင့်ကာလသည် နှစ်(၂၀)ဖြစ်ပြီး နိုင်ငံတော်သို့လွှဲပြောင်းပေးရမည်ဖြစ်ပါ ကြောင်း၊ အဆိုပါစီမံကိန်း ဆောင်ရွက်ရခြင်းသည် သန့်ရှင်းသောစွမ်းအင် (Clean Fuel ) အသုံးပြုသည့် Domestic Gas to Power စီမံကိန်းဖြစ်စေရန်နှင့် ဒေသတွင်းဖွံ့ဖြိုးရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရန်ရည်ရွယ်ပြီး ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အားများသည် ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး တဝိုက်တွင် ဖြစ်ပေါ်လာမည့်စီမံကိန်းများအတွက် လျှပ်စစ် ဓာတ်အားများ လုံလောက်အောင် ပေးပို့နိုင်မည့်အပြင် ပိုလျှံလာသော လျှပ်စစ်ဓာတ်အားများကို နိုင်ငံတော်ဓာတ်အား စနစ်အတွင်းသို့ ပို့လွှတ် ဖြန့်ဖြူး သွားနိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ သတ်မှတ် ကာလများအတွင်း စီမံကိန်းဖြစ်မြောက်နိုင်စေရန်အတွက် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အနည်း ဆုံးဖြင့် သတ်မှတ်အချိန်ကာလအတွင်း အရည်အသွေး ပြည့်ပြည့် ဝဝဖြင့် အောင်မြင်ပြီးမြောက်အောင် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

      ထို့နောက် PTTEP ၏ အမှုဆောင်အရာရှိချုပ် မစ္စတာ ဖုန်စတွန်သာဗီစင်     (Mr. Phongsthorn Thavisin) က စီမံကိန်းနှင့်စပ်လျဉ်း၍ မိမိတို့ဆောင်ရွက်မည့် လုပ်ငန်းစဉ် များကို ရှင်းလင်းတင်ပြခဲ့ပြီး ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။

      ၎င်းနောက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးသန်းဇော် နှင့် PTTEP ၏ အမှုဆောင်အရာရှိချုပ် မစ္စတာ ဖုန်စတွန်သာဗီစင် (Mr. Phongsthorn Thavisin) တို့က စီမံကိန်းအတွက် ထုတ်ပေးသည့် Notice to Proceed အား လက်မှတ် ရေးထိုးခဲ့ကြပါသည်။         

 

 

 

 

 

Post under by : ဝန်ကြီးရုံး
30-Dec-2020